ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်ရှိ ရွှေပြည်သာဟိုတယ်၊မီးစက်အခန်းတွင် မီးစက်နှိုးထားရာမှ ရှော့ဖြစ်ပြီး မီးလောင်ကျွမ်းမှု ဖြစ်ပွား


(ပြည်တွင်း)ဇွန် ၂၂


ယမန်နေ့ည ၉နာရီ၄၅မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး ချမ်းအေးသာစံမြို့နယ်၊ကန်ကောက်ရပ်ကွက်၊မြို့ပတ်လမ်း၊၃၂×၃၃ လမ်းကြားရှိ ရွှေပြည်သာဟိုတယ် ဝန်ထမ်းများ အဆောင်ဘေး၊မီးစက်ခန်းမှ မီး​လောင်မှု ဖြစ် ပွားသဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ သွားရောက် ငြိမ်း သတ်ခဲ့ရာ ည၁၀နါရီ အချိန်တွင် မီး ငြိမ်းသွားခဲ့ကြောင်းသိရသည်။

ဖြစ်စဥ်မှာ ရွှေပြည်သာဟိုတယ်၏ KVA-550 အင်ဂျင်အမျိုးစား မီးစက်ထားရှိသည့်အခန်းတွင် မီးစက်နှိုးထားရာမှ မီးစက်အထွက် ဒိုင်နမိုမိန်းခုံတွင် ရှော့ဖြစ်ရာမှ မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါမီးလောင်မှုကြောင့် မီးစက်ထားရှိသည့် ၂၀×၂၅ပေ၊RC ၁ ထပ်အဆောက်ဦး မျက်နှာကျက် အနည်းငယ်လောင်ကျွမ်း၊ မီးစက်ဆီပိုက်များ၊ဝါယာကြိုးများ မီးလောင်ဆုံးရှုံးခဲ့ပြီး ဆုံးရှူံးမှုတန်ဖိုးမှာ အဆောက်အဦးတန်ဖိုး ၁၅သိန်း၊မီးစက်၊ဝါယာကြိုးများ ၆၀သိန်းခန့်၊စုစုပေါင်း ၇၅သိန်းခန့် ဆုံးရှုံးခဲ့ပြီး မီးလောင်မှုနှင့် ပတ် သက်၍ မီးစက်တာဝန်ခံ ကိုမောင်သိန်း၊၃၄နှစ်၊(ဘ)ဦးထွန်းလင်း၊ရွှေပြည်သာဟိုတယ် မီးပိုင်းဆိုင်ရာတာဝန်ခံ၊၃၁×၃၂ လမ်းကြား၊မြို့ပတ်လမ်း၊ကန်ကောက်ရပ်ကွက်၊ချမ်းအေးသာစံမြို့နယ်နေသူအား အမှုဖွင့် အရေးယူထားကြောင်း သိရှိရသည်။

PAN

ZN