ဒိုက်ဦးမြို့နယ်တွင် ရပ်/ကျေး အုပ်ချုပ်ရေးမှူးနှင့် ပြည်သူ့စစ်အဖွဲ့စီးနင်းလာသောယာဥ်အား အကြမ်းဖက်သမားများမှ မိုင်းခွဲတိုက်ခိုက်


(ပြည်တွင်း) ဇွန် ၂၁

ယနေ့ နံနက် ၈ နာရီ ၂၀ မိနစ်အချိန်န့်က ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ဖအောင်းစုကျေးရွာအုပ်စု၊ ဒိုက်ဦးနှင်းဝိသံတံတားကျေးရွာသွား မြေသားလမ်းရှိ(ဒေသအခေါ်) လူထုမေတ္တာကွန်ကရစ် တံတားအနီးတွင် ပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သတင်းအရတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့သည်။

ဖြစ်စဥ်အားစစ်ဆေးခဲ့ရာတွင် သံတံတားကျေးရွာဘက်မှ ဒိုက်ဦးဘက်သို့ ယာဉ်မောင်း ရန်လင်းအောင်၊ (၃၁)နှစ်၊ သံတံတားကျေးရွာအုပ်စု၊ ပြွန်တန်ဆာမြို့၊ညောင်လေးပင်မြို့နယ်နေသူသည် ယာဉ်အမှတ်၊ MDY-14 50/…… RANGER FORD အနီရောင်အား မောင်းနှင်ပြီး ယာဉ်ပေါ်တွင် ဦးနိုင်ဝင်း၊(၅၃)နှစ်၊ အုပ်ချုပ်ရေးမှူး၊ သံတံတားကျေးရွာအုပ်စု၊ ပြွန်တန်ဆာမြို့၊ ညောင်လေးပင်မြို့နယ်နေသူနှင့် ၎င်းကျေးရွာပြည်သူစစ်အဖွဲ့ဝင်နှစ်ဦးတို့ လိုက်ပါစီးနင်းလျှက်မောင်းနှင်လာခဲ့ရာ အခင်းဖြစ်နေရာ တံတားအား မောင်းနှင်း ဖြတ်သန်းစဉ် မိုင်းဆွဲခံခဲ့ရပြီးမော်တော်ယာဉ်၏ ဝဲ/ယာဘက်လမ်းမှ မိုင်း(၁)လုံးစီ ပေါက်ကွဲရာ ယာဉ်ပေါ်ပါသူများအနက်မှ ယာဉ်၏အရှေ့ခေါင်းခန်း ဘယ်ဘက်ခြမ်းတွင် စီးနင်း လိုက်ပါလာသူ ဦးနိုင်ဝင်းတွင် ဦးခေါင်းဝဲဘက်ထိပ်တွင် (၁)လက်မခန့် မိုင်းစထိမှန် ဒဏ်ရာအတွင်းလူနာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး လုံခြုံရေးအဖွဲ့များမှ အခင်းဖြစ်နေရာပတ်ဝန်းကျင်အား ရှင်းလင်းရှာဖွေရာ လူထုမေတ္တာကွန်ကရစ်တံတား အနီးတွင် ဆိုင်ကယ်ဘတ္ထရီအိုးနှင့်တပ်ဆင်ထားရှိသည့် ရှေ့ထွက်မိုင်း(၁)လုံးအားတွေ့ရှိခဲ့ရာ သက်မဲ့ပြုလုပ်နိုင်ခဲ့ပြီး ယာဉ်ပေါ်မှ ဒဏ်ရာရရှိသူများအား ဒိုက်ဦးပြည်သူ့ဆေးရုံသို့ တင်ပို့ဆေးကုသပေးနေကြောင်းသိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ