ဧရာဝတီမြစ်အတွင်း ရေဝဲများဖြစ်ပေါ်နေခြင်းကြောင့် ရေယာဉ်များသတိပြုသွားလာရန် အသိပေး


(ပြည်တွင်း) ဇွန် ၂၀

ဧရာဝတီမြစ်အတွင်း ပထမမြစ်ကျဉ်းတွင် ဇွန်လဒုတိယပတ်မှစတင်ပြီး ရေဝဲများဖြစ်ပေါ်နေခြင်းကြောင့် ရေယာဉ်များ သတိပြုသွားလာရန်လိုကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန ဒေသ-၅၊ မန္တလေးတိုင်းဒေသကြီးရေလမ်းညွှန်ဌာန သိရပါတယ်။

လက်ရှိတွင် ဧရာဝတီမြစ်အတွင်း ရေများချိန်ကာလဖြစ်သည့်အတွက် မန္တလေးဆိပ်ကမ်းများမှ ခရီးသည်တင် ရေယာဉ်များအပါအဝင် ကုန်တင်ရေယာဉ်များအနေဖြင့် မန္တလေးမှ ဗန်းမော်ဘက်သို့ သွားလာရာတွင် ပထမမြစ်ကျဉ်း ဖြစ်သည့် ဆင်ဘိုမှ မြစ်ကြီးနားအတွင်း ဇွန်လဒုတိယပတ်မှစ၍ ရေဝဲများဖြစ်ပေါ်နေခြင်းကြောင့် ရေယာဉ်များ သတိပြုသွားလာရန် လိုအပ်ကြောင်းသတိပေးခြင်း ဖြစ်ပါတယ်။

ဧရာဝတီမြစ်ကြောင်းတစ်လျှောက် မန္တလေးဆိပ်ကမ်းများမှ ဗန်းမော်ဘက်သို့သွားလာကြမည့် ရေယာဉ်များ အနေဖြင့် အန္တရာယ်တစ်စုံတစ်ရာမရှိစေရေး လမ်းညွှန်ပြသပေးထားသည့် ရေလမ်းညွှန်အမှတ်အသား များကို ဂရုပြုသွားလာကြရန် လိုအပ်ကြောင်း ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ-၅၊ မန္တလေး တိုင်းဒေသကြီးရေလမ်းညွှန်ဌာနက ပြောကြားထားကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ