(နိုင်ငံတကာ) ဇွန် ၂၀
အစ္စရေးတပ်ဖွဲက လက်ဘနွန် ဟစ်ဇ်ဘိုလာ စစ်သွေးကြွအဖွဲ့အား တိုက်ခိုက်မှုများ တိုးမြှင့်ဆောင်ရွက်မည် ဟု ပြောကြားကြောင်း ဇွန်လ ၁၉ ရက်တွင် ဆင်ဟွာသတင်းဌာနမှ ဖော်ပြခဲ့သည်။
အစ္စရေးတပ်မတော်သည် လက်ဘနွန် စစ်သွေးကြွအဖွဲအား တိုက်ခိုက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေကြောင်း မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်မှူး အိုယီဂေါ်ဒင်နှင့် အိုဒက်ဗာစစ်တို့၏ ပူးတွဲကြေညာချက်တွင် ဖော်ပြထားသည်။
အစ္စရေးတပ်ဖွဲ့များအနေဖြင့် တိုက်ခိုက်မှုများကို ဆောင်ရွက်နိုင်ရန် အသင့်ပြင်ထားကြောင်း သိရသည်။ အစ္စရေးတပ်ဖွဲ့၏ ကြေညာချက်တွင် အမေရိကန်အထူးကိုယ်စားလှယ် အေမော့ဟိုချက်စတိန်း သည် ဘေရွတ်သို့ လာရောက်ပြီး အစ္စရေး-လက်ဘနွန်နယ်စပ်တွင် တင်းမာမှုများကို လျှော့ချရန် သက်ဆိုင်သည့်နိုင်ငံများအား ပန်ကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်း ဖြစ်သည်။
ယခုဖြစ်ပွားနေသည့် တင်းမာမှုများကို အများပြည်သူများ၏ အကျိုးအရ သံတမန်နည်းလမ်းဖြင့် ဖြေရှင်းဆောင်ရွက်ရန် ၎င်းက တိုက်တွန်းခဲ့သည်ဟု ဆင်ဟွာသတင်းဌာနတွင် ဖော်ပြထားသည်။
Telegram>>…
https://t.me/positiveanglenews