ရုရှားသမ္မတပူတင် ဗီယက်နမ်နိုင်ငံသို့ရောက်ရှိ


(နိုင်ငံတကာ) ဇွန် ၂၀

ရုရှားသမ္မတ ဗလာဒီမာပူတင်သည် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့သို့ ဇွန်လ ၂၀ ရက်နေ့ နံနက်ပိုင်းတွင် ရောက်ရှိကြောင်း ရုရှားနိုင်ငံပိုင်သတင်းဌာနများမှ ဖော်ပြသည်။

ယခုနိုင်ငံတော်အဆင့်ခရီးစဉ်သည် နှစ်နိုင်ငံအကြား ဘက်မလိုက်ပဲ သမိုင်းဝင် ချစ်ကြည်ရင်းနှီးမှုအား ပြသခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ဆိုသည်။

ရုရှားသမ္မတ ပူတင်၏ နှစ်ရက်ကြာ ခရီးစဉ်တွင် ဗီယက်နမ် ကွန်မြူနစ်ပါတီ အထွေထွေအတွင်းရေးမှူး ငုယင်ဖူထရပ်နှင့် သမ္မတသစ် တိုလမ်တို့ အပါအဝင် ဗီယက်နမ်ခေါင်းဆောင်များနှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း Kremlin ၏ ဖော်ပြချက်အရ သိရသည်။

ရုရှားနိုင်ငံဆိုင်ရာ ဗီယက်နမ်သံအမတ်ကြီး Dang Minh Koi က ယခုခရီးစဉ်သည် ဟနွိုင်း-မော်စကို ဆက်ဆံရေးအား ခိုင်မာစေမည်ဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ ဆွေးနွေးပြီး နှစ်နိုင်ငံ ကုန်သွယ်မှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ခိုင်မာသော အစီအမံများကို အဆိုပြုရန် အခွင့်အလမ်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။

ရုရှားနိုင်ငံသည် ဗီယက်နမ်နှင့် အမေရိကန်စစ်ပွဲတွင် ဗီယက်နမ်သို့ များစွာကူညီပံ့ပိုးခဲ့သည့်နိုင်ငံဖြစ်သည်။

သမ္မတပူတင်သည် ယူကရိန်းသို့ စစ်ဆင်ရေးလုပ်ဆောင်ပြီးနောက် အာရှနိုင်ငံများသို့ ချစ်ကြည်ရေးခရီးစဉ်များအဖြင့် ဆက်တိုက်လည်ပတ်ခဲ့ပြီး ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်များတွင်လည်း မြောက်ကိုရီးယားနိုင်ငံသို့ လည်ပတ်ခဲ့သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ