ယူရိုသမိုင်းတစ်လျှောက်အသက်အကြီးဆုံးကစားသမားဖြစ်လာတဲ့ ပီပီ


(အားကစား) ဇွန် ၂၀

ဇွန်လ ၁၈ ရက်က ကစားခဲ့တဲ့ ချက်အသင်းနဲ့ပွဲစဉ်မှာ ပေါ်တူဂီအသင်းအတွက် ပါဝင်ကစားပေးနိုင်ခဲ့တဲ့ ပီပီက ယူရိုပြိုင်ပွဲသမိုင်းတစ်လျှောက် အသက်အကြီးဆုံးကစားသမားအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။

ပေါ်တူဂီအသင်းရဲ့ ဝါရင့်နောက်ခံလူ ပီပီ က အခုအချိန်မှာ အသက် ၄၁ နှစ် ၁၁၃ ရက် ရှိနေပြီဖြစ်တာကြောင့် အခုလို စံချိန်သစ်ကို တင်နိုင်ခဲ့တာပါ။

ပီပီ က ယူရို ၂၀၁၆ မှာမှတ်တမ်းတင်ခဲ့တဲ့ ဟန်ဂေရီဂိုးသမား ခီရာလီရဲ့ အသက် ၄၀ နှစ် ၈၆ ရက်စံချိန်ကို ဖြတ်ကျော်နိုင်ခဲ့တာဖြစ်ပြီး ယူရိုပြိုင်ပွဲရဲ့ အသက်အကြီးဆုံးကစားသမား ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

ပီပီဟာ ချက်အသင်းကို ၂ ဂိုး၊ ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ ဒါးလော့စ်၊ ရူဘင်ဒီယက်ဇ် တိုနဲ့အတူ ပေါ်တူဂီအသင်းရဲ့ နောက်တန်းမှာ ပွဲထွက်ကစားခဲ့တာ ဖြစ်ပါတယ်။

ပီပီ ရဲ့ပေါ်တူဂီအသင်းဟာ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ချက်၊ တူကီယဲ၊ ဂျော်ဂျီယာအသင်းတိုနဲ့ တစ်အုပ်စုတည်း ကျရောက်နေတာဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ