မေဂျာလိဂ်ကို‌ရောက်ဦးမယ့် ရာမိုစ်


(အားကစား) ဇွန် ၂၀

ဆီဗီလာအသင်းနှင့် လမ်းခွဲထားတဲ့ စပိန်ဝါရင့်နောက်ခံလူ ဆာဂျီယိုရာမိုစ် က မေဂျာလိဂ်အသင်း တစ်သင်းသို့ ပြောင်းရွှေ့ဖွယ်ရှိနေကြောင်း သိရပါတယ်။

အသက် ၃၈ နှစ်အရွယ် ရာမိုစ် က ဆီဗီလာအသင်းနှင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့ပြီဖြစ်ကြောင်း အတည်ပြုကြေညာ ခဲ့ပါတယ်။

ရာမိုစ် က ဆီဗီလာအသင်းနှင့် ချုပ်ဆိုထားတဲ့ တစ်နှစ်စာချုပ်က ယခုလကုန်မှာ သက်တမ်းကုန်ဆုံးမှာဖြစ်ပြီး အသင်းမှထွက်ခွာတော့မယ်လို့ ပြောကြားခဲ့ ကြောင်း ဆီဗီလာအသင်းရဲ့ ကြေညာချက်မှာ ဖော်ပြခဲ့ပါတယ်။

ရာမိုစ် က ဆီဗီလာလူငယ်အကယ်ဒမီမှ ထွက်ပေါ်လာတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်းမှာ အောင်မြင်မှုများစွာ ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။

ရာမိုစ် အနေနဲ့ မေဂျာလိဂ်ကလပ် ဆန်ဒီယေဂို FC အသင်းသို့ ပြောင်းရွှေ့ရန် ဆွေးနွေးမှုများ ပြုလုပ်လျက်ရှိပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ