မုံရွာမြို့၊ စီးပွါးရေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနမှ ဒေါက်တာကြူကြူသင်း(ငြိမ်း)အား အကြမ်း PDF များမှ ပြန်ပေးဆွဲ


(ပြည်တွင်း) ဇွန် ၂၀

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ စီးပွါးရေးတက္ကသိုလ်၊ အင်္ဂလိပ်စာဌာနက retired ယူထားသောဆရာမကြီး ဒေါက်တာကြူကြူသင်းကို အကြမ်း PDF အဖွဲ့ဝင်များမှ ပြန်ပေးဆွဲခေါ်ဆောင်သွားကြောင်း သိရသည်။

ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မုံရွာမြို့၊ ဘုရားကြီးရပ်ကွက်၊ ဆုတောင်းပြည့်ဘုရားအနီးတွင်နေထိုင်သည့် ဆရာမ ဒေါ်ကြူကြူသင်းကို အကြမ်းဖက် PDF အဖွဲ့ဝင်များမှ လာရောက်ပြန်ပေးဆွဲ ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် PDF များသည် ဆိုင်ကယ် ၄ စီးနှင့်ရောက်လာပြီး အသက် ၂၀ အရွယ်ခန့်ရှိ‌သော အမျိုးသမီး ၃ ဦးနှင့် ယောင်္ကျားလေး ၅ ဦးတို့သည် ဆရာမကြီးအိမ်ကို ရောက်လာပြီးခေါ်သွားခြင်းဖြစ်ကြောင်း သိရသည်။

ဆရာမကြီးကို ခေါ်ဆောင်သွားစဉ် အမျိုးသမီး ၁ ဦးမှရှေ့ကမောင်း၍ ဆရာမကြီးကို အလယ်ကြားထဲတင်၍ နောက်က အမျိုးသမီး ၁ ဦးကခွထိုင်ပြီး ခေါ်သွားခြင်း ဖြစ်ကြောင်း မျက်မြင်မုံရွာမြို့ခံတစ်ဦး၏ ပြောပြချက်အရသိရပြီး ယနေ့အချိန်ထိ နောက်ဆက်တွဲသတင်းများ မသိရှိရသေးကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ