မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေးသဘောတူညီချက်ကို ရုရှားနှင့်မြောက်ကိုရီးယား လက်မှတ် ရေးထိုးခဲ့


(နိုင်ငံတကာ) ဇွန် ၂၀

ရုရှားနှင့်မြောက်ကိုရီးယားနှစ်နိုင်ငံကြား မဟာဗျူဟာမြောက် ဘက်စုံမိတ်ဖက်ဆက်ဆံရေး သဘောတူညီ ချက်တစ်ရပ်ကို ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်တို့က လက်မှတ် ရေးထိုးလိုက်ကြကြောင်း ရုရှားမီဒီယာတစ်ခုက ဇွန်လ ၁၉ ရက်တွင် ဖော်ပြသည်။

အဆိုပါ သဘောတူညီချက်အရ ရုရှားနှင့်မြောက်ကိုရီးယားတို့အနေဖြင့် ပြည်ပမှ ကျူးကျော်ရန်စမှုနှင့်ကြုံတွေ့ပါက အပြန်အလှန် အကူအညီပေး ကြရမည်ဖြစ်သည်။

အဆိုပါ သဘောတူညီချက်အား သမ္မတ ပူတင်နှင့် ခေါင်းဆောင်ကင်တို့၏ အစောပိုင်းတွင် ကျင်းပသည့် မျက်နှာချင်းဆိုင်ဆွေးနွေးပွဲ၌ လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ရုရှားနိုင်ငံအပေါ် အစဉ်တစိုက်ထောက်ခံချက်ရှိသည့် မြောက်ကိုရီးယားနိုင်ငံအား ကျေးဇူးတင်ရှိကြောင်း သမ္မတ ပူတင်က ပြောကြားသည်။ အလားတူပင် ရုရှားနိုင်ငံ၏ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေစည်းလုံးမှုနှင့် လုံခြုံရေးအကျိုးစီးပွားများကို ကာကွယ်ရန်အတွက် ဆင်နွှနေသည့် အထူး စစ်ဆင်ရေးတွင် ရုရှားအစိုးရ၊ တပ်မတော်နှင့် ရုရှားပြည်သူတို့အား အပြည့်အဝထောက်ခံကြောင်း မြောက်ကိုရီးယား ခေါင်းဆောင်ကင် က တုံပြန်ပြောကြားခဲ့ကြောင်း သိရသည်။

အနောက်နိုင်ငံများသည် ယူကရိန်းသို့ ၎င်းတို့ ထောက်ပံ့ပေးထားသည့် စစ်လက်နက်များကို အသုံးပြု၍ တိုက်ခိုက်ရန်ခွင့်ပြုထားခြင်းအပေါ် ရုရှားသမ္မတ ပူတင် က အစောပိုင်းတွင် သတိပေးပြောကြားထားသည် ဟု Sputnik သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ