မန္တလေးမြို့အတွင်း ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေး ရေဆိုးစုပ်ထုတ်စက်ရုံ ၉ ခုဖြင့် ဆောင်ရွက်သွားမည်ဟု သိရ


(ပြည်တွင်း) ဇွန် ၂၀

မန္တလေးမြို့အတွင်း ယခုမိုးရာသီကာလမှာ ရေကြီးရေလျှံမှုများမဖြစ်ပေါ်စေရေးအတွက် ရေဆိုးစုပ်ထုတ် စက်ရုံ ၉ ခုဖြင့် ဆောင်ရွက်ပေးသွားမယ်လို မန္တလေးမြိုတော်စည်ပင်သာယာရေးကော်မတီ၊ ရေနှင့်သန့်ရှင်းမှုဌာနမှ သိရပါတယ်။

အဆိုပါ ရေဆိုးစုပ်ထုတ်စက်ရုံကိုးခုတွင် ရွှေတချောင်း ကပ်ကျော်ဘုရားအနီးရှိ စက်ရုံအမှတ်(၁)၊ ရွှေခဲနံကပ် အင်းထိပ်ရှိ စက်ရုံအမှတ်(၂)၊ သံဃာဆေးရုံအနီးရှိ စက်ရုံအမှတ်(၃)၊ ဇောင်းကလောစက်ရုံ အမှတ်(၄)၊ (၂၆)လမ်း သင်္ဂဇာချောင်းမှ စက်ရုံအမှတ်(၅)၊ နဂါးနီစက်ရုံအမှတ်(၆)၊ ဇောင်းကလောစက်ရုံအမှတ်(၇)၊ (၆၄)လမ်းရှိ Detention Pond စက်ရုံအမှတ်(၉)နှင့် ရွှေခဲရွာအနီးရှိ New Pumping Station တိုပါဝင်ပြီး ၎င်းစက်ရုံကိုးခုမှ တစ်ရက်လျှင် ရေဆိုးဂါလန်ပေါင်း ၂၁၇ ဒသမ ၉၂ သန်းခန့် စုပ်ထုတ်လျက်ရှိနေပါတယ်။

အဓိကအားဖြင့် ချောင်းဆုံ၊ မြောင်းဆုံ နေရာများနှင့် မြောင်းမကြီးများတွင် ရေဆိုးစုပ်ထုတ်စက်ရုံများ တည်ဆောက်ထားလျက်ရှိပြီး မြောင်းမကြီးထဲမှ ရေများကိုစုပ်ထုတ်ကာ ရေ Level အား နှိမ့်ချထားခြင်းဖြင့် လမ်းမများပေါ်မှ မိုးရေများ မြောင်းမကြီးထဲကို အများအပြားစီးဝင်သွားကာ လမ်းမများနှင့် မြို့ပေါ်ရပ်ကွက်များတွင် ရေကြီးရေလျှံမှု များလျှော့ချနိုင်ရန် ရည်မှန်းကာ ဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ