ပျော်ဘွယ်မြို့မှ နန့်စီးအောင်မြို့နှင့် မော်လူးမြို့သို့ သယ်ဆောင်လာသော မူးယစ်ဆေးဝါးများကို ရတနာပုံတံတားပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးရမိ


(ပြည်တွင်း) ဇွန် ၂၀

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ စစ်ကိုင်းမြို့ ၊ တကောင်းရပ်ကွက်ရှိ ရတနာပုံတံတား ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ကာလတန်ဖိုး ကျပ်သိန်း ၄၂၀ ခန့်ရှိသည့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

ယမန်နေ့က YUTONE အမျိုးအစားအပြာရောင် ခရီးသည်တင်ယာဉ်ကို မသင်္ကာ၍ ပူးပေါင်းစစ်ဆေးရေးဂိတ်အဖွဲ့မှ အသေးစိတ်စစ်ဆေးရာ ကြက်သွန်နီအိတ် ၅ အိတ်ဖြင့် ထည့်ထားသော ဘိန်းစိမ်းအလေးချိန် ၂၈ ကီလိုဂရမ်(ကာလတန်ဖိုး သိန်း ၄၂၀ ကျပ်)နှင့်အတူ တရားခံများကိုဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဆိုပါ မူယစ်‌ဆေးဝါးသယ်ဆောင်လာသည့် မော်တော်ယာဉ်သည် ပျော်ဘွယ်မြို့မှ နန့်စီးအောင်မြို့နှင့် မော်လူးမြို့သို့ သယ်ဆောင်လာသောယာဉ်ဖြစ်ပြီး ယာဉ်မောင်း မိုးသူရ၊ အသက် ၃၄ နှစ်၊ ယာဉ်နောက်လိုက်များ ဖြစ်ကြသည့် ပြည့်စုံအောင်၊ အသက် ၂၉ နှစ် နှင့် ဇင်မင်းထွန်း၊ အသက် ၂၄ နှစ်တို့ အား ဥပဒေအရ အရေးယူဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ