NATO အဖွဲဝင်နိုင်ငံများက နျူကလီးယားထိပ်ဖူးများကို အသင့်တပ်ဆင်ထားရေး ဆွေးနွေးနေ


(နိုင်ငံတကာ) ဇွန် ၁၉

NATO အဖွဲဝင်နိုင်ငံများက ဒုံးကျည်များတွင် နျူကလီးယားထိပ်ဖူးများကို အတင့်တပ်ဆင်ထားရေးကိစ္စ ဆွေးနွေးနေကြောင်း ထိုတပ်ဖွဲ အတွင်းရေးမှူးချုပ် ယန်စတိုတန်ဘာ့ က ပြောသည်။

“ကျွန်တော်တိုအနေနဲ့ကတော့ နျူကလီးယားထိပ်ဖူးအရေအတွက် ဘယ်လောက်ကို စစ်ဆင်ရေးအတွက် အသင့်ပြင်ထားရမယ်။ ဘယ်လောက်ကိုတော့ သိမ်းထားရမယ်ဆိုတာနဲ့ပတ်သက်ပြီး အသေးစိတ်မပြောလိုပေမယ့် ဒီကိစ္စနဲ့ပတ်သက်ပြီး ဆွေးနွေးနေကြပါတယ်” ဟု ယန်စတိုတန်ဘာ့ က The Telegraph သတင်းစာသိုပြောသည်။

အလားတူ တရုတ်နိုင်ငံသည်လည်း နျူကလီးယားလက်နက်ထုတ်လုပ်မှုကို အရှိန်အဟုန်မြှင့်တင် နေကြောင်း၊ ၂၀၃၀ ပြည့်နှစ်ကျော်ကာလတွင် နျူကလီးယားထိပ်ဖူး ၁,၀၀၀ အထိရရှိမည်ဟု ခန့်မှန်းရကြောင်း ၎င်းကဆက်ပြောသည်။

တစ်ချိန်တည်းမှာပင် နျူကလီးယားလက်နက်ပိုင်ဆိုင်သော နိုင်ငံကိုးနိုင်ငံဖြစ်သည့် အမေရိကန်၊ ရုရှား၊ ဗြိတိန်၊ ပြင်သစ်၊ တရုတ်၊ အိန္ဒိယ၊ ပါကစ္စတန်၊ မြောက်ကိုရီးယားနှင့် အစ္စရေး တိုအနေဖြင့် ၎င်းတို့၏ နျူကလီးယား လက်နက်များကို အဆင့်မြှင့်တင်မှု ဆက်လက်ပြုလုပ်နေကြောင်း စတော့ဟုမ်းနိုင်ငံတကာငြိမ်းချမ်းရေး သုတေသနဌာနက ဇွန်လ ၁၇ ရက်တွင် ထုတ်ပြန်ထားသည်။

ရုရှားနိုင်ငံအနေဖြင့် ခြိမ်းခြောက်ခံရသည့် အခြေအနေနှင့်ကြုံတွေ့ရပါက နျူကလီးယားလက်နက်များကို အသုံးပြုသွားမည်ဖြစ်ကြောင်းနှင့် ရုရှား၏ မြေပြင်၊ ရေပြင်၊ ဝေဟင်ပစ် နျူကလီးယားလက်နက်များက ပိုမိုအစွမ်းထက်ကြောင်း ရုရှားသမ္မတ ဗလာဒီမာပူတင် က အစောပိုင်းတွင် သတိပေးထားသည်ဟု သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ