မုံရွာမြို၊ ဘုန်းစိုး အလယ်တန်းကျောင်းတွင် မိုင်းတစ်လုံးတွေ့ရှိ


(ပြည်တွင်း) ဇွန် ၁၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို၊ ဘုန်းစိုးရပ်ကွက်၊ အလယ်တန်းကျောင်းခွဲတွင် ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က ကျောင်းဝန်းအတွင်း မပေါက်ကွဲသေးသော လက်လုပ်မိုင်း ၁ လုံး တွေ့ခဲ့ရကြောင်း ကျောင်းသားမိဘတွေဆီက သိရပါသည်။

ယနေ့နံနက်ပိုင်းတွင် ကလေးကျောင်းသွားပို့သော ကျောင်းသားမိဘတစ်ဦးက ကျောင်းဝန်းထဲတွင် မပေါက်ကွဲသေးသော မိုင်းတစ်လုံးကိုတွေ့ရှိသောကြောင့် လုံခြုံရေးအဖွဲ့ဝင်များမှ သက်မဲ့လုပ်ပြီး ရှင်းလင်းဖယ်ရှားခဲ့ကြောင်း သိရသည်။

မုံရွာမြို့၊ ဘုန်းစိုး အလယ်တန်းကျောင်းခွဲမှာ ပညာသင်ယူနေတဲ့ ကျောင်းသားကျောင်းသူ ငါးရာဝန်းကျင်ရှိကြောင်း၊ ကလေးတွေပညာသင်းကြားမှုကို ထိခိုက်စေရန်ရည်ရွယ်ပြီး ဒီမနက်ပိုင်းက ကျောင်းဝန်းထဲကို လက်လုပ်မိုင်း တစ်လုံး လာရောက်ပစ်ချသွားကြောင်း သိရသည်။

ပြီးခဲ့တဲ့တဲ့ရက်ပိုင်းက စစ်ကိုင်းမြိုနယ်၊ ကြွယ်ပုံကျေးရွာမှာရှိတဲ့ စာသင်းကျောင်းကိုလည်း ဒေသတွင်းလက်နက်ကိုင် အကြမ်းဖက် PDF အဖွဲ့က ဒရုန်းဗုံးချပြီး တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကြောင်း၊ အကြမ်းဖက် PDF အဖွဲ့များသည် စစ်ရေးပစ်မှတ်မဟုတ်တဲ့ ပညာသင်စာသင်ကျောင်းတွေကို နည်းမျိုးစုံဖြင့် ဖျက်ဆီးနေကြောင်း၊ ဆရာဆရာမများကိုလည်း ပြန်ပေးဆွဲခြင်း၊ ဖမ်းဆီးသတ်ဖြတ်ဖြတ်ခြင်းများ နေရာဒေသ အသီးသီးတွင်လုပ်ဆောင်နေကြောင်း နေ့စဉ် သတင်းများအရ ကြားသိရပါသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ