မီးရထားလမ်းကင်းစောင့်နေသော ပြည်သူများအား အကြမ်းဖက် PDF အဖွဲ့မှဝင်ပစ်ခဲ့သဖြင့် နှစ်ဦးသေဆုံး၍ တစ်ဦးထိခိုက်ပြင်းထန်


(မှုခင်း) ဇွန် ၁၉

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပိန်းဇလုပ်တိုက်နယ်ဆေးရုံသို့ သေနတ်မှန်ထားသည့်လူနာ တစ်ဦးရောက်ရှိနေကြောင်း သတင်းအရ သွားရောက် ၍စစ်ဆေးခဲ့ရာတွင် ဒဏ်ရာရရှိသူမှာ ကိုလတ်၊ အသက် ၃၆ နှစ်၊ အနောက်ပိုင်း မြို့မ (၁) ပိန်းဇလုပ်မြို့နေသူဖြစ်ပြီး ယာဘက်ပေါင်တွင် ကျည်ဖောက်ဝင် ဒဏ်ရာရရှိထားကြောင်းတွေ့ရှိခဲ့ရပြီး ဖြစ်စဥ်နှင့် ပက်သက်၍မေးမြန်းခဲ့ရာ ကိုလတ်မှာ ၂၀၂၄ ဇွန်လ ၁၉ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲ အချိန်ခန့်က ပိန်းဇလုပ် နယ်မြေရဲစခန်းအပိုင် မြောက်ဘက် ၃ မိုင်ခန့်အကွာရှိ ရန်ကုန်- မန္တလေးမီးရထားလမ်း တံတားအမှတ် (၁၄၅)တွင် မီးရထားလမ်းကင်း လုံခြုံရေးအား
ကိုလတ်၊ နိုင်ရှင်း၊ အသက် ၃၀ နှစ်၊ ကျော်လင်းထက် အသက် ၃၃ နှစ်၊ ကျော်လင်းထက်၏ ဇနီးဖြစ်သူ မိသီ ၁၈ နှစ်တို့နှင့် အတူရှိနေစဥ် PDF အကြမ်းဖက် သမားများ(အင်အားစိစစ်ဆဲ )တို့မှ သေနတ်များဖြင့် ဝိုင်းဝန်းပစ်ခတ်မူကြောင့် ထွက်ပြေးစဥ် ရရှိခဲ့သည့်ဒဏ်ရာဖြစ်ကြောင်း သိရှိရပြီး ဖြစ်စဥ်ဖြစ်ပွားရာ နေရာသို့ လုံခြုံရေးအဖွဲ့များမှ ကွင်းဆင်း စစ်ဆေးခဲ့ရာတွင် အခင်းဖြစ်အနီး မီးရထားလမ်း တံတားအမှတ် ၁၄၅ ၏တောင်ဘက် သံလမ်း၏အနောက်ဘက် မီးရထားကင်းတဲ အတွင်းတွင် နိုင်ရှင်းအား ဝဲဘက်လက်ဖျံဖောက်ဝင် ၁ ချက်၊ ယာဘက်ခြေကျင်းဝတ်ဖောက်ဝင် ၁ ချက်၊ ခါးဖောက်ဝင် ၁ ချက်၊ ကျောကုန်း ယာဖောက်ဝင် ၁ ချက်တို့ဖြင့် သေဆုံးနေပြီး တဲ၏ နောက်ဘက်တွင် မိသီအား ခါးဝဲဘက် ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ ရှိခဲ့ရပြီး ကျော်လင်းထက် မှာပျောက်ဆုံးလျှက်ရှိပါကြောင်း နယ်မြေသတင်းများ အရသိရသည်။

၎င်းဖြစ်စဥ်အား နယ်မြေရဲစခန်းမှ အမှုဖွင့်လှစ်၍ စုံစမ်းစစ်ဆေးလျှက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

PKL #SZ