ပခုက္ကူမြို့နယ်၊ ရွှေတန်းတစ်ကျေးရွာအနီး အကြမ်းဖက် PDF အလောင်း၊ လက်နက်ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဇွန် ၁၉

ယမန်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ရွှေတန်းတစ်ကျေးရွာအနီး ပြည်သူပိုင်သစ်ဆိပ်ရှိသစ်များကိုအကြမ်းဖက် PDF များမှ ခိုးထုတ်မည်ဖြစ်ကြောင်း သတင်းရရှိ သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးတိုက်ခိုက်ခဲ့ရာ အကြမ်းဖက် PDF အလောင်းနှင့် လက်နက်ခဲယမ်းများသိမ်းဆည်းရမိကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွင်းမှ အကြမ်းဖက် PDF အလောင်း ၃ လောင်း၊ မောင်းပြန်သေနတ် ၂ လက်၊ MK-12 သေနတ် ၁ လက်၊ ကျည်မျိုးစုံ ၆၇ တောင့်၊ ကျည်အိမ်မျိုးစုံ ၃ ခုတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

၂၀၂၀ ရွေးကောက်ပွဲတွင် NLD ပါတီ၏ မဲမသမာမှုနောက်ဆက်တွဲမှ NlD ပါတီနှင့် ၎င်းပါတီထောက်ခံသူများမှ အကြမ်းဖက်လမ်းစဉ်ကို ရွေးချယ်ကာ နိုင်ငံအနှံ့ လက်နက်ကိုင်သတ်ဖြတ်မှုများ၊လမ်းတံတားများ မိုင်းခွဲဖျက်ဆီးမှုများ၊ ပညာရေးစာသင်ကျောင်းများကိုဗုံးခွဲမှုများ၊ သဘာဝသယံဇတအရင်းအမြစ်များကို တရားမဝင်ခိုးထုတ်ဖျက်ဆီးမှုများ၊ နိုင်ငံ၏အမွေအနှစ်သစ်တောများမှ အဖိုးတန်သစ်ရတနာများကို ခိုးထုတ်မှုများ နေရာအနှံ့ပေါ်ပေါက်လာရာ အကြမ်းဖက်မှုများနေ့စဉ်လုပ်ဆောင်လျှက်ရှိနေကြောင်းမြေပြင်သတင်းများအရ သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ