တိုက်ကြီးမြို့နယ်၊ ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်အတွင် လာရောက်သတ်ဖြတ်


(ပြည်တွင်း)ဇွန် ၁၉

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၊ ဥက္ကံမြို့၊ ပန်းပင်တန်းကျေးရွာအုပ်စု၊ ပိန်းသျှိုကျေးရွာ ​ရာအိမ်မှူးဖြစ်သူအား အကြမ်းဖက် PDF အဖွဲ့မှ နေအိမ်၌ရှိနေစဥ် လာရောက်ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့ နေ့လည် ၄ နာရီအချိန်ခန့်က ပိန်းသျှိုကျေးရွာ ရာအိမ်မှူးဖြစ်သူ ဦးဝင်းမောင်(ဘ)ဦးအေးချိုသည် နေအိမ်၌ ရှိနေစဉ် အမည်မသိ လူ ၅ ဦး မှ ဆိုင်ကယ်(၃)စီးဖြင့် လာရောက်၍ ဦးဝင်းမောင်အား သေနတ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ ဦးဝင်းမောင်၏ နားထင်အား ထိမှန်၍ သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ သေဆုံးသူမှာ ​တိုက်ကြီးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ကော်မတီဝင် တစ်ဦးဖြစ်ကြောင်း သိရပြီး သေနတ်ဖြင့်ပစ်ခတ်သူ အမည်မသိ(စုံစမ်းဆဲ လူ(၅)ဦး)အား ဖမ်းဆီးရမိရေး တပ်မတော်နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့မှ လိုက်လံ ဖမ်းဆီးဆောင်ရွက်လျက်ရှိကြောင်း ကနဦး သတင်းရရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ