တရုတ်နျူကလီးယားစွမ်အင်သုံး ရေငုတ်သင်္ဘော ထိုင်ဝမ်အနီးတပ်ဖြန့်ထား


(နိုင်ငံတကာ) ဇွန် ၁၉

တရုတ်ရေတပ်၏ နျူကလီးယားစွမ်အင်သုံး ရေငုတ်သင်္ဘော ထိုင်ဝမ်အနီးတပ်ဖြန့်ထားကြောင်း ထိုင်ဝမ်မီဒီယာများက ဖော်ပြထားသည်။

ထိုင်ဝမ်ကျွန်း၏ အနောက်ဘက် ကမ်းရိုးတန်းနှင့် ၁၂၅ မိုင်အကွာတွင် ရှိနေကြောင်း ငါးဖမ်းစက်လှေများ ရိုက်ကူးခဲ့သည့် ဓာတ်ပုံများအား ထိုင်ဝမ်မီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။

အဆိုပါ ရေငုပ်သင်္ဘောသည် Type 094 SSNB အမျိုးအစားဖြစ်ပြီး Jin အတန်းအစား နျူကလီးယားစွမ်းအင်သုံး ရေငုတ်သင်္ဘောဖြစ်ပြီး ပဲ့ထိန်းဒုံးကျည် တပ်ဆင်ထားသည့် အမျိုးအစားဖြစ်ကြောင်းသိရသည်။

ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာန၏ အဆိုအရ ထိုင်ဝမ်ကျွန်းပတ်ပတ်လည်တွင်း တရုတ်ရေတပ်၏ စစ်လေယာဉ် အစီး ၂၀ နှင့် ရေယာဉ် ၇ စီးရှိနေကြောင်း ထုတ်ပြန်ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ