ဇီလန်စကီး အတွက် မဆုံးနိုင်သောငွေပေးနေရမှုများ ရပ်တန့်စေမည်ဟု ဒေါ်နယ်ထရမ့်‌ ပြော


(နိုင်ငံတကာ) ဇွန် ၁၉

အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည့် သမ္မတဟောင်း ဒေါ်နယ်ထရမ့် က ၎င်းအနေဖြင့် သမ္မတအဖြစ် ပြန်လည်ရွေးကောက်တင်မြှောက်ခံရလျှင် ယူကရိန်းသမ္မတ ဇီလန်စကီး အတွက် မဆုံးနိုင်သောငွေပေးနေရမှုများ ရပ်တန့်စေမည်ဟု ကတိပြုလိုက်ကြောင်း သိရသည်။

“ဇီလန်စကီး က ကြုံဖူးသမျှသော နိုင်ငံရေးသမားတွေထဲမှာ အကြီးကျယ်ဆုံးသော အရောင်းစာရေး တစ်ယောက်ပါပဲ” ဟု မီချီဂန်ပြည်နယ်၌ လုပ်ဆောင်သော စည်းရုံးရေးပွဲတစ်ခုတွင် ထရမ့် က ပြောခဲ့သည်။

“သူက ကျွန်တော်တို့နိုင်ငံကို လာတဲ့အချိန်တိုင်း ဒေါ်လာဘီလီယံ ၆၀ ယူပြီး ပြန်ထွက်သွားလေ့ရှိပါတယ်။ လွန်ခဲ့တဲ့လေးရက်ကမှ ဒေါ်လာဘီလီယံ ၆၀ နဲ့ ထွက်သွားတယ်။ သူ့အိမ်ကို ပြန်ရောက်တဲ့အခါမှာ နောက်ထပ် ဒေါ်လာဘီလီယံ ၆၀ လိုအပ်တယ်ဆိုပြီး ထပ်ပြောနေပြန်ရော။ ဘယ်တော့မှမဆုံးနိုင်မယ့် အရာပေါ့ဗျာ” ဟု ထရမ့် က ပြောခဲ့သည်။

အမေရိကန်နှင့် စီးပွားရေးအင်အားကြီးခုနစ်နိုင်ငံ(G7)အဖွဲ့ဝင်နိုင်ငံများက ယူကရိန်းကို ဒေါ်လာဘီလီယံ ၅၀ ထုတ်ချေးပေးမည်ဖြစ်ကြောင်း၊ ထိုငွေများမှာ အသိမ်းခံထားရသော ရုရှား၏ပိုင်ဆိုင်မှု ဒေါ်လာဘီလီယံ ၃၀၀ ဖြင့် လည်ပတ်မှုမှရသည့် အမြတ်ငွေများဖြစ်ကြောင်း မကြာသေးမီက ထုတ်ပြန်ကြေညာထားသည်။

ယူကရိန်းသမ္မတအနေဖြင့် G7 အဖွဲ့ဝင်နိုင်ငံများနှင့် တွေ့ဆုံဆွေးနွေးပြီးနောက် နောက်ထပ် ဒေါ်လာ ဘီလီယံ ၆၀ ကို မတောင်းခံခဲ့သော်လည်း ငွေများနှင့်လက်နက်များ လုံလောက်စွာ မထောက်ပံ့ပေးမှုအတွက် ပြစ်တင်ရှုတ်ချခဲ့သည်။

ဂျိုးဘိုင်ဒင်အစိုးရလက်ထက် မူဝါဒဖြစ်သော ယူကရိန်းကို စစ်ရေးပံ့ပိုးမှုများ အတားအဆီးမရှိ ပေးနေ ခြင်းသည် အမေရိကန်နိုင်ငံကို တတိယကမ္ဘာစစ်ဆီသို့ ဆွဲခေါ်နေခြင်းဖြစ်ကြောင်းနှင့် ထရမ့် က ၎င်းသာ သမ္မတ ဖြစ်လာပါက ယူကရိန်းပဋိပက္ခကို ၂၄ နာရီအတွင်း ရပ်တန့်စေမည်ဟု အကြိမ်ကြိမ်ပြောထားကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ