ထိုင်းက ဘတ်သန်း ၄၀၀ လျောခိုင်းသည့်အတွက် SCG ဘိလပ်မြေစက်ရုံဖျက်သည့် အယ်လ်စေးဝါး ပတ်​ပြေးနေ

(ပြည်တွင်း) ဇွန် ၁၉

မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင်ရှိသည့် MCL(Mawlamyine Cement Limited) ဘိလပ်မြေစက်ရုံကို KNU လက်အောက်ခံ KNLA-PDF အဖွဲ့မှ အယ်စေးဝါးကဖျက်ဆီးခဲ့သည့်အတွက် လျော်ကြေးပေးရန် ထိုင်းတာဝန်ရှိသူ​များမှ KNU ထံတောင်းထားကြောင်း သိရသည်။

အယ်စေးဝါးဦးဆောင်သည့် KNLA-PDF အဖွဲ့များမှာ ဘိလပ်မြေလုပ်ငန်းသုံးပစ္စည်းများကို ပုံစံမျိုးစုံဖြင့် ခိုးယူသယ်ဆောင်ခြင်း၊ ရောင်းချပစ်ခြင်းအပါအဝင် အလွဲသုံးစားလုပ်ရပ်များ ချောင်းနှစ်ခွဒေသ တိုက်ပွဲများအတွင်း ကျုးလွန်ခဲ့သည့်အတွက် ထိုင်းက လျော်ပေးရန်တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

MCL(Mawlamyine Cement Limited) လုပ်ငန်းစုတွင် ထိုင်းဘုရင်မိသားစုမှ လုပ်ငန်းအစုရှယ်ယာအများစုပိုင်ဆိုင်ထားကြောင်း သိရသည်။

အဆိုပါကုမ္ပဏီမှ ထိုင်းအာဏာပိုင်များထံ တိုင်ကြားခဲ့ခြင်းဖြစ်ပြီး ထိုင်းအာဏာပိုင်များကလည်း အယ်စေးဝါးကို အရေးယူပေးနိုင်ရေးနှင့် လျော်ကြေးပြန်လည်ရရှိရေးအတွက် KNU ထံကို တရားဝင်စာပို့တိုင်ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထိုင်းကလျော်ကြေးရလိုသည့်ပမာဏမှာ ထိုင်းဘတ်ငွေ သန်း ၄၀၀ ဖြစ်ပြီး ယင်းတိုင်းကြားမှုအတွက် KNU ဗဟိုမှ အယ်စေးဝါးကို ဆင့်ခေါ်မှုများ အကြိမ်ကြိမ်ပြုလုပ်ထားသော်လည်း အယ်စေးဝါးက ရှောင်ပြေးနေကြောင်း သိရသည်။

အယ်စေးဝါးဘက်မှလာရောက် ရှင်းလင်းမပေး နိုင်ပါက ထိုင်းနိုင်ငံတွင်ရှိသော KNU ထိပ်ပိုင်းခေါင်းဆောင်များ၏ ပိုင်ဆိုင်မှုများ သိမ်းဆည်းခံရမည်ကို KNU ထိပ်ပိုင်းခေါင်းဆောင်များ စိုးရိမ်နေကြကြောင်းသိရသည်။

အယ်စေးဝါး ဦးဆောင်သောအဖွဲက MCL ဘိလပ်မြေစက်ရုံမှ စက်ရုံသုံးကားများ၊ ဘက်ဟိုးများ၊ ကွန်ပျူတာများနှင့် အခြားသော ရောင်းချ၍ရနိုင်သည့်ပစ္စည်းများစွာကို အကြိမ်ကြိမ် အင်အားသုံး ရယူသွားခဲ့ကြောင်းသိရသည်။

အင်အားသုံးရယူသွားသော ပစ္စည်းများအား ထုခွဲရောင်းချကာ ချောင်းနှစ်ခွတိုက်ပွဲကာလအတွင်း စစ်လက်နက်ပစ္စည်းများနှင့် စစ်အသုံးစရိတ်များပြုလုပ်ခဲ့ခြင်းဖြစ်နိုက်ကြောင်း ပြောဆိုမှုများလည်း ရှိနေသည်။

ကျိုက်မရောမြိုနယ် ကဒုံစိကျေးရွာအနီးရှိ မော်လမြိုင်ဘိလပ်မြေစက်ရုံ (MCL) သည် Pacific Link Cement Industries Ltd နှင့် Saim Cem ent Group (SCG) တို့က ၂၀၁၄ ခုနှစ်ကတည်းက စတင်၍ ဒေါ်လာသန်း(၄၀ဝ)ခန့် အကုန်အကျခံ ရင်းနှီးမြှုပ်နှံတည်ထောင်ခဲ့ခြင်းဖြစ်ပြီး တစ်ရက်တန် (၅၀ဝဝ) အထိထုတ်လုပ်သွားရန် ရည်မှန်းထားသော လုပ်ငန်းမျိုးဖြစ်ကြောင်း သိရသည်။

#PAN