ပရီးမီးယားလိဂ်ရဲ့ အသက်အငယ်ဆုံးနည်းပြဖြစ်လာတဲ့ ဟာဇီလာ


(အားကစား) ဇွန် ၁၈

ဘရိုက်တန်အသင်းနည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံလိုက်ရတဲ့ အသက် ၃၁ နှစ်အရွယ် ဟာဇီလာ ဟာ ပရီးမီးယားလိဂ်သမိုင်းမှာ အသက်အငယ်ဆုံး နည်းပြ ဖြစ်လာခဲ့ပါတယ်။

အမေရိကန်နဲ့ ဂျာမနီနွယ်ဖွား ဟာဇီလာ ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက စိန့်ပေါ်လီအသင်းကို ဘွန်ဒက်စ်လီဂါ ၂ ချန်ပီယံဆုကို ရရှိစေခဲ့ပြီး တန်းတက်ခွင့်ရအောင် ဦးဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။

နည်းပြ ဟာဇီလာ က ကိုယ်ပိုင် ပုံစံရှိနေပြီး အသင်းကို အကောင်းဆုံးဦးဆောင်မှုပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်လို ဘရိုက်တန်အသင်းဥက္ကဋ္ဌ တိုနီဘလွန်း က ပြောကြားခဲ့ပါတယ်။

နည်းပြ ဟာဇီလာ ကို ဘရိုက်တန်အသင်းက ၂၀၂၇ အထိစာချုပ်ချုပ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ်က စပါးအသင်းယာယီနည်းပြ မေဆန် ဟာ အသက် ၂၉ နှစ်အရွယ်နဲ့ ပရီးမီးယားလိဂ် ပွဲစဉ်တစ်ပွဲကို ကိုင်တွယ်ခွင့်ရတဲ့ အသက်အငယ်ဆုံးနည်းပြအဖြစ် မှတ်တမ်းဝင်ခဲ့ပေမယ့် အခု ဟာဇီလာ ကတော့ အမြဲတမ်းနည်း ပြတွေထဲ အသက်အငယ်ဆုံးအဖြစ်မှတ်တမ်းဝင်တော့မှာ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

#SZ