Google Play Store မှ Viber Application ဖြုတ်ချခံရ


(နည်းပညာ) ဇွန် ၁၇

Mobile Application တွေကို တစ်နေရာတည်းမှာဝင်ရောက် Download လုပ်နိုင်တဲ့ Google ကုမ္ပဏီပိုင်Google Play Store မှ Viber Application ကို ယနေ့မနက်ပိုင်းမှာ ဖြုတ်လိုက်ပြီဖြစ်သည်။

Viber Application ကို မည်သည့် အကြောင်းကြောင့် ဖြတ်ချခံလိုက်သည်ဟူကိုတော့ Viber မှ ရှင်းလင်းထားခြင်းမရှိသကဲ့သို့ အကြောင်းပြချက် တစ်စုံတရာလည်း မတွေ့ရှိရပါ။

Viber Application ကို အသုံးပြုသူ အရေအတွက်မှာ 823 Million ရှိပြီး လူအများအသုံးပြုလျက်ရှိသော လူမှုကွန်ရက် Application များထဲတွင် နံပါတ် ၄ နေရာက ရပ်တည်လျက်ရှိသော Application တစ်ခုလည်း ဖြစ်သည်။

Viber Application ဖြုတ်ချခံရခြင်းနှင့်ပတ်သက်ပြီး နည်းပညာကျွမ်းကျင်သူများမှ ” Playstore က Viber ပျောက်သွားပါတယ်။ region တစ်ခုတည်းဖြစ်တာမဟုတ်ဘဲ Global မှာလည်းဖြစ်နေသလို Thai region ဘက်မှာလည်း ဖြစ်နေတယ်လို့သိရတယ်။ Viber ပေါ်က အလုပ်လုပ်ကိုင်နေသူတွေအတွက် စိုးရိမ်စရာပါပဲ။ iPhone ရဲ့ App store မှာတော့ ရနေသေးတယ်။ Playstore က ဖြတ်ချလိုက်တာလား ခဏ error ဖြစ်တာလားဆ်ုတာတော့ မသဲကွဲသေးပါဘူး” လို့ပြောပါတယ်။

Viber Myanmar ကို စုံစမ်းကြည့်သလောက်တော့ သူတို့လည်း အဲ့ issue ကို စုံစမ်းနေဆဲဖြစ်ပြီး သတင်းတိကျသိရပါက ထုတ်ပြန်ပေးသွားမှာဖြစ်ကြောင်း ပြောဆိုထားသည်။

“လောလောဆယ်တော့ Android user တွေအနေနဲ့ Viber app ကို ကိုယ့်ဖုန်းထဲမှာ ထိန်းထားသင့်တယ်လို့ထင်ပါတယ်” ဟု နည်းပညာကျွမ်းကျင်သူများမှ ပြောဆိုထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ