ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်ဘူးဆိုတဲ့ နာဒယ်


(အားကစား) ဇွန် ၁၇

ပဲရစ်အိုလံပစ်ပြိုင်ပွဲအတွက် ပြင်ဆင်နိုင်ဖို ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ပြိုင်မှာမဟုတ်ဘူးလို့ စပိန် တင်းနစ်သမား နာဒယ် က ဇွန်လ ၁၄ ရက်မှာ ပြောကြားလိုက်ပါတယ်။

ဇူလိုင်လ ၂၆ ရက်မှာစတင်မယ့် ပဲရစ် အိုလံပစ်ပြိုင်ပွဲအတွက် စပိန်အိုလံပစ်တင်းနစ်အသင်းမှာ နာဒယ် ပါဝင်မှာဖြစ်တယ်လို့ အတည်ပြုခဲ့ပြီး နောက်တစ်ရက်အကြာမှာ နာဒယ် က အခုလို့ ပြောကြားလိုက်တာဖြစ်ပါတယ်။

ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဇူလိုင်လ ၁ ရက်ကနေ ဇူလိုင်လ ၁၄ ရက်အထိ ကျင်းပမှာဖြစ်လို အိုလံပစ်ပြိုင်ပွဲ အတွက် ပြင်ဆင်ချိန်မလုံလောက်မှာကို နာဒယ် က စိုးရိမ်နေတာဖြစ်ပါတယ်။

ဒဏ်ရာပြဿနာတွေနဲ့ ပြန်လည် ရင်ဆိုင်ရမှာကိုလည်း အသက် ၃၈ နှစ်အရွယ် နာဒယ် က ရှောင်ရှားလိုတဲ့သဘောနဲ့ ဝင်ဘယ်ဒန်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခြင်းမပြုဖို ဆုံးဖြတ်ခဲ့တာလို့ သိရပါတယ်။

နာဒယ် ဟာ ၂၀၀၈ အိုလံပစ်ပြိုင်ပွဲမှာ တစ်ဦးချင်းရွှေတံဆိပ်ဆုနဲ့ ၂၀၁၆ အိုလံပစ်မှာ အသင်းလိုက် ရွှေတံဆိပ်ဆုတွေကို ရရှိထားခဲ့တာဖြစ်ပြီး အခုနှစ်အိုလံပစ်ပြိုင်ပွဲမှာတော့ အယ်ကာရက်ဇ် နဲ့အတူ အမျိုးသား နှစ်ယောက်တွဲ ပြိုင်ပွဲတွေကို ဝင်ပြိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ