(အားကစား) ဇွန် ၁၇
မြန်မာနေရှင်နယ်လိဂ် ၂၀၂၄-၂၀၂၅ ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို ဇူလိုင်လ ၆ ရက်မှ ဖေဖော်ဝါရီလ၂၈ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်း သိရပါတယ်။
မြန်မာနေရှင်နယ်လိဂ်က လာမည့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲကို အိမ်ကွင်းများ ထပ်တိုးကျင်းပမှာ ဖြစ်တာကြောင့် ရန်ကုန်၊ တောင်ကြီး နဲ့ ပုသိမ်မြို့ ၃ မြိုတို့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။
မြန်မာနေရှင်နယ်လိဂ်က MNL ကလပ်အသင်းများနှင့် နောက်ဆုံးအစည်းအဝေး ထပ်မံပြုလုပ်မှာဖြစ်ပြီး ပွဲစဉ်များကို အတည်ပြုမည်ဖြစ်ကာ ပွဲစဉ်ဇယားကို ဇွန်လလယ်နောက်ပိုင်း ထုတ်ပြန်ပေးမှာဖြစ်ပါတယ်။
လာမယ့်ရာသီ MNL အမှတ်ပေးပြိုင်ပွဲမှာ လက်ရှိချန်ပီယံ ရှမ်းယူနိုက်တက်အသင်းအပါအဝင် ရန်ကုန် ယူနိုက်တက်၊ ဟံသာဝတီယူနိုက်တက်၊ အား/ကာသိပ္ပံ၊ ဒဂုံစတားယူနိုက်တက်၊ ရခိုင်ယူနိုက်တက်၊ ရတနာပုံ၊ မဟာယူနိုက်တက်၊ မြဝတီ၊ ဧရာဝတီယူနိုက်တက်၊ သစ္စာအားမာန်နှင့် Dagon Port အသင်းတို ယှဉ်ပြိုင်ကစားမှာ ဖြစ်ပါတယ်။
ပြိုင်ပွဲကို နှစ်ကျော့စနစ်ဖြင့် ကျင်းပမှာဖြစ်ပြီး မြန်မာနေရှင်နယ်လိဂ်အနေနဲ့ ကမ္ဘာ့ဘောလုံးအဖွဲချုပ် (ဖီဖာ)နှင့် အာရှဘောလုံးအဖွဲချုပ်(AFC)တိုက သတ်မှတ်ထားသည့် ဘောလုံးပြက္ခဒိန်အတိုင်း ပထမဆုံး ပြောင်းလဲကျင်းပမည့် ဘောလုံးရာသီလည်းဖြစ်ပါတယ်။
Telegram>>…
https://t.me/positiveanglenews