မုံရွာမြို့နယ် ညောင်ပင်ရွာသစ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် အကြမ်းဖက် PDF များ၏ ခဲယမ်းနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ


(ပြည်တွင်း) ဇွန် ၁၇

ယမန်နေ့ နံနက် ၁ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နယ်၊ ညောင်ပင်ရွာသစ်ကျေးရွာရှိ ဘုန်းကြီးကျောင်းတွင် နယ်မြေရှင်းလင်းနေသည့် လုံခြုံရေးတပ်ဖွဲ့များသည် သတင်းအရ ဝင်ရောက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ယင်းနေရာသို့ ဝင်ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF များဖမ်းဆီးထားသော ပြည်သူ ၂ ဦး၊ ကျည်ကာအင်္ကျီ ၁ ထည်၊ ပြောက်ကျားယူနီဖောင်း ၁ ထည်၊ ပြောက်ကျားအင်္ကျီ ၁ ထည်၊ ကျည်မျိုးစုံ ၃၄ တောင့်၊ လက်ပစ်ဗုံး ၁ လုံး၊ ရီမု ၁ ခု၊ 9 ဗို့ ဘတ္ထရီ(သေး) ၂ လုံး၊ ဝါယာကြိုးခွေ(သေး) ၄ ခွေတို့ကို သိမ်းဆည်းရမိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

GE #SZ