“ဘိုင်ဒင်နှင့်ထရမ့်တို နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသား အရေအတွက် မြင့်တက်လာ”

(နိုင်ငံတကာ) ဇွန် ၁၇

အမေရိကန်နိုင်ငံ၌ ရွေးကောက်ပွဲ ထပ်မံဝင်ပြိုင်မည့် လက်ရှိသမ္မတဂျိုးဘိုင်ဒင်နှင့် သမ္မတဟောင်း ဒေါ်နယ် ထရမ့်တို နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသားအရေအတွက်က စံချိန်တင်မြင့်တက်လာကြောင်း စစ်တမ်းတစ်ခုတွင် ဖော်ပြထားသည်။ ၎င်းတို နှစ်ဦးစလုံးကို မနှစ်သက်သည့် အမေရိကန်နိုင်ငံသားအရေအတွက် မှာ လေးပုံတစ်ပုံရှိကြောင်းနှင့် ထိုပမာဏသည် နှစ်ပေါင်း ၃၀ အတွင်း အများဆုံးပမာဏဖြစ်ကြောင်း Pew သုတေ သန ဌာနက ထုတ်ပြန်ထားသည်။ စစ်တမ်းတွင် ပါဝင်သူများအနက် ဘိုင်ဒင်နှင့်ထရမ့်မကြိုက်သူ ၂၅ ရာခိုင်နှုန်း ရှိကြောင်း၊ ထရမ့်ကို သဘောကျလက်ခံသူ ၃၆ ရာခိုင်နှုန်းနှင့် ဘိုင်ဒင်ကို လက်ခံသူ ၃၄ ရာခိုင်နှုန်းရှိကြောင်း သုတေသနတွင် ဆက်လက်ဖော်ပြထားသည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကာလတွင်ပင် ဘိုင်ဒင်နှင့်ထရမ့်တို နှစ်ဦးစလုံးကို မကြိုက်သူအရေအတွက် မှာ ၁၃ ရာခိုင်နှုန်းသာရှိကြောင်း Pew က ထုတ်ပြန်ထားသည်။ ယခုကဲ့သို အဓိကပါတီကြီးများမှ ကိုယ်စားလှယ် လောင်း နှစ်ဦးစလုံးကို သဘောမကျသူ အရေအတွက် မြင့်တက်လာခြင်းသည် ပါတီစွဲဖြစ်မှုအပေါ် အဆိုးမြင်မှု မြင့်တက်လာြခင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်ကို တွေ့ရသည်။ ယခု စစ်တမ်းကို ထရမ့်၏အမှုနှင့် ဘိုင်ဒင်၏သား ဟန်တာဘိုင်ဒင်တို၏ အမှုတိုကို စီရင်ချက်မချမီ မေလ ၁၃ ရက်မှ ၁၉ ရက် အတွင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။ မေလ ၃၀ ရက်တွင် နယူးယောက်တရားရုံးက ဒေါ်နယ်ထရမ့် ကို ၎င်း၏ ပြစ်မှုများအတွက် အပြစ်ရှိကြောင်း၊ ဇွန်လ ၁၁ ရက်တွင် ဒယ်လာဝဲတရားရုံးက ဟန်တာဘိုင်ဒင် ကို လက်နက် ဥပဒေချိုးဖောက်မှုအတွက် အပြစ်ရှိကြောင်း စီရင်ချက်ချခဲ့သည်ဟု RT သတင်းဌာနတွင် ဖော်ပြထားသည်။

#PAN