ပူတင်ကို ဖိတ်ကြားခဲ့သည့် ဗီယက်နမ်ကို အမေရိကန်က ပြစ်တင်ရှုတ်ချ


(နိုင်ငံတကာ) ဇွန် ၁၇

ဗီယက်နမ်ခေါင်းဆောင်များသည် ရုရားသမ္မတကို ဗီယက်နမ်သို့အကြိမ်ကြိမ် ဖိတ်ကြားခဲ့ပြီးနောက် အမေရိကန်၏ ပြစ်တင်ရှုတ်ချမှုနှင့် ရင်ဆိုင်ခဲ့ရသည်။

သမ္မတပူတင်သည် ဇွန်လ ၁၉ ရက်နှင့် ၂၀ ရက်များတွင် ဟနွိုင်းသို့ နိုင်ငံတော်ခရီးစဉ်အဖြစ် သွားရောက်လည်ပတ်မည်ဟု သတင်းများထွက်ပေါ်နေသည်။

ဗီယက်နမ်နိုင်ငံရှိ အမေရိကန်သံရုံး၏ ပြောရေးဆိုခွင့်ရှိသူက “သူလွတ်လပ်စွာ ခရီးသွားလာနိုင်ရင် ဒါဟာ နိုင်ငံတကာဥပဒေတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်မှုတွေကို ပုံမှန်ဖြစ်စေမှာပါ”ဟု တုန့်ပြန်ခဲ့သည်။

ခရီးစဉ်နှင့်ပတ်သက်ပြီး ဗီယက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်စုံတစ်ရာ ထုတ်ပြန်ခြင်း မရှိသေးပဲ တာဝန်ရှိသူအချို့က ဗီယက်နမ်နှင့် ရုရှားနိုင်ငံတို့သည် နှစ်နိုင်ငံအကြား နီးကပ်သည့် ဆက်ဆံရေးရှိပြီး ၂၀၁၇ ခုနှစ်နောက်ပိုင်း ပထမဦးဆုံးခရီးစဉ်ဖြစ်ကြောင်းဆိုသည်။

အမေရိကန်သံရုံးပြောရေးဆိုခွင့်ရှိသူက” ပူတင်အနေနဲ့ ယူကရိန်းမှာ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေအတွက် ပုံမှန်အတိုင်း စီးပွားရေးပြန်လုပ်လို့ မရပါဘူး” ဟု ဆိုခဲ့ပြီး အမေရိကန်သည် ဗီယက်နမ်နိုင်ငံတွင် ၁၉၅၅ ခုနှစ်မှ ၁၉၇၇ ခုနှစ်အထိ ရက်ရက်စက်စက် ကျူးကျော်တိုက်ခိုက်ခဲ့ပြီး စစ်ရာဇဝတ်မှုနှင့် လူအခွင့်အရေးချိုးဖောက်မှုများစွာ လုပ်ဆောင်ခဲ့သော်လည်း မည်သည့် တာဝန်ယူမှု တာဝန်ခံမှုမျှ မရှိခဲ့သည့် နိုင်ငံဖြစ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ