နိုင်ငံခြားငွေလဲကောင်တာ ၂ ခုမှာ အမေရိကန်ဒေါ်လာ ၅၀၀ အထိကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူနိုင်


(ပြည်တွင်း) ဇွန် ၁၇

နိုင်ငံခြားငွေလဲကောင်တာ ၂ ခုမှာ အမေရိကန်ဒေါ်လာ ၅၀၀ အထိကို ဗဟိုဘဏ်သတ်မှတ်ဈေးနှုန်းအတိုင်း ဝယ်ယူနိုင် တယ်လို့ ဗဟိုဘဏ်ကထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံခြားငွေများ ဝယ်ယူရောင်းချလဲလှယ်ပေးခွင့် (Money Changer) လိုင်စင်ရ ကုမ္ပဏီများဖြစ်သော Eastern Lad Co., Ltd နှင့် Golden Money Services Co., Ltd တို့ရဲ့ Money Changer ကောင်တာများမှာ တစ်ဦးကို အသေးသုံးနိုင်ငံခြားငွေ ငွေသားအမေရိကန် ဒေါ်လာ ၃၀၀ မှ ၅၀၀ ခန့်ကို အမေရိကန်တစ်ဒေါ်လာကို မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ နေ့စဉ် ကြေညာ ပေးလျက်ရှိတဲ့ Online Trading Rate + ၁၀ ကျပ် (၃,၃၄၉ – ၃,၃၅၉) နဲ့ရောင်းချပေးလျက်ရှိတယ်လို ထုတ်ပြန်ချက်အရ သိရပါတယ်။

EASTERN LAD MONEY CHANGER များကတော့ အမှတ်(၁၅၆)၊ မြေညီထပ်၊ ရန်ကုန်အင်းစိန်လမ်းမကြီး၊ ၂ရပ်ကွက်၊ ကမာရွတ်မြိုနယ်၊ အမှတ်(၂၁၅)၊ အခန်းအမှတ်(၁)၊ မြေညီထပ်၊ အနော်ရထာလမ်း၊ ပန်းဘဲတန်းမြို့နယ်နှင့် အမှတ်(၉၂၆) သုဓမ္မာလမ်းမကြီး၊ (ဈ)ရပ်ကွက်၊ မြောက်ဥက္ကလာပမြို့နယ်တို့မှာ ပြည်ပအလုပ်လုပ်ကိုင်ရန် ထွက်ခွာလိုသူများ၊ ပညာသင်ကြားရန် ထွက်ခွာလိုသူများ၊ ဆေးကုသမှုခံယူရန် ထွက်ခွာလိုသူများ၊ ဘုရားဖူးသွားရောက်မည့်သူများ၊ အစည်းအဝေးတက်မည့် သူများအနေနဲ့ Passport, Air ticket နှင့် အခြားလိုအပ်သော အထောက်အထားများ ပြသကာ ဝယ်ယူနိုင်တယ်လို့ ထုတ်ပြန်ထား ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ