ထော်လာဂျီနှင့် သဲကားပေါ်သို့ ဓါတ်ကြိုးပြတ်ကျရာမှ အမျိုးသား ၂ ဦးနှင့် ကလေးငယ် ၁ ဦး သေဆုံး


(ပြည်တွင်း)ဇွန် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ မဂ်လာဒုံမြို့နယ်၊ ရွှေနံ့သာကျေးရွာ၊ ပတ္တမြားမြို့သစ် လမ်းသွယ်၌ ယနေ့နံနက် ၈ နာရီအချိန်ခန့်က ရပ်ထားသော ထော်လာဂျီနှင့် သဲတင်ထားသောကားအပေါ် ဓါတ်ကြိုးပြတ်ကျပြီး မီးစွဲလောင်ရာ ထော်လာဂျီနှင့် သဲကားအနီးတွင်ရှိသောအမျိုးသား ၂ ဦးနှင့်ကားပေါ်ရှိ ၃ နှစ်အရွယ်ကလေးငယ် ၁ ဦးတို့ ဓါတ်လိုက်မီးလောင်မှုဖြစ်ပွားခဲ့​​​ကြောင်း သိရသည်။

အဆိုပါ မီးလောင်ရာသို့ မီးသတ်တပ်ဖွဲ့မှ မီးငြိမ်းသတ်ယာဉ် (၂)စီး ရေသယ်ယာဉ်(၂)စီးလူနာတက်ယာဉ် (၂)စီး(db) ၁ စီးစေတနာ့ဝန်ထမ်း(၃)ဦး တို့ဖြင့်ကူညီ ငြိမ်းသတ်ပြီးသေဆုံးသူများဆွဲထုတ်ကာ ပတ္တမြား လူနာတင်ယာဉ်/ပုလဲ(db)ယာဉ်နှင့် မေဓါဝီဆေးရုံသို့ ပို့ဆောင်ကူညီခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ