ကစားသမားလဲလှယ်မှုအတွက် ဆွေးနွေးနေတဲ့ ဗီလာအသင်းနဲ့ ဂျူဗင်တပ်စ်အသင်း


(အားကစား) ဇွန် ၁၇

ပရီးမီးယားလိဂ်ကလပ် အက်စတွန်ဗီလာအသင်းနဲ့ စီးရီးအေကလပ် ဂျူဗင်တပ်စ်အသင်း တို့အကြား ကစားသမားလဲလှယ်မှုအတွက် သဘောတူညီမှုရရှိရန် နီးစပ်နေပြီဖြစ်ကြောင်း သိရပါတယ်။

ဂျူဗင်တပ်စ်အသင်းက ဗီလာအသင်းမှ ဘရာဇီးလ်လက်ရွေးစင်ကွင်းလယ်လူ ဒေါက်ကလပ်လူးဝစ်ဇ် ကို ခေါ်ယူနိုင်ရန်အတွက် အသင်းမှ မက်ကန်နီး နဲ့ အီလင်းဂျူနီယာ တို့နှစ်ဦးကို အလိုက်ပေးရမည့်အပြင် ယူရို သန်း ၂၀ ပါ ထပ်ဆောင်းပေးချေရမှာ ဖြစ်ပါတယ်။

အသက် ၂၆ နှစ်အရွယ်ရှိ ဒေါက်ကလပ်လူးဝစ်ဇ် ရဲ့ ပြောင်းရွှေ့ကြေးတန်ဖိုးမှာ ယူရို ၆၅ သန်းရှိလာပြီး ဂျူဗင်တပ်စ်ကစားသမားများဖြစ်တဲ့ ကွင်းလယ်လူ မက်ကန်နီး ကို ယူရို သန်း ၂၀၊ တိုက်စစ်ကစားသမား အီလင်းဂျူနီယာ ကို ယူရို ၂၅ သန်း သတ်မှတ်ထားပါတယ်။

အသင်းနှစ်သင်းအကြား ဆွေးနွေးမှုများဆက်လက်ပြုလုပ်ပြီးနောက် ကစားသမားအလဲအလှယ်ကိစ္စမှာ အပြီးသတ်ရန် နောက်ဆုံးအခြေအနေသို့ ရောက်ရှိလာခဲ့ပါတယ်။ ကစားသမားများ၏ လစာငွေအပါအဝင် ပုဂ္ဂိုလ်ရေး အချက်အလက်များအတွက်သာ ဆွေးနွေးရန်ကျန်ရှိတော့ကြောင်း သိရပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ