လူအင်အားမမျှလို့ ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်းက နယ်ခြားစောင့်တပ်စခန်းတစ်ချို့ဆုတ်ပေးရဟုဆို


(ပြည်တွင်း) ဇွန် ၁၆

ကချင်ပြည်နယ်၊ ချီဖွေမြို့နယ်နှင့် ဝိုင်းမော်မြို့နယ် အတွင်းရှိ ဝိုင်းမော်-ဆဒုံး-ကန်ပိုင်တီလမ်းပိုင်းရှိနယ်ခြားစောင့်တပ်စခန်းများ၊ ပြည်သူ့စစ်စခန်းနှင့်ဆဒုံးဗျူဟာကုန်းများအား ဇွန်လ ၁၁ ရက်နေ့တွင် KIA ပူးပေါင်းအဖွဲ့များမှ တပြိုင်တည်းတိုက်ခိုက်လာခဲ့ကြောင်း သိရသည်။

ယင်းသောင်းကျန်းသူများ လာရောက်တိုက်ခိုက်ရာတွင် လူအင်အား၊ လက်နက်အင်အားမမျှသဖြင့် တပ်စခန်းတစ်ချို့အား ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။

“မြစ်ကြီးနား-ဝိုင်းမော်-ကန်ပိုက်တီနယ်စပ် ကုန်သွယ်ရေးလမ်းကြောင်းကို တစ်ဖက်အဖွဲ့အစည်းက ထိန်းချုပ်လိုက်ပြီ ကန်ပိုက်တီမြို့မှာ ဝန်ထမ်းတွေ ပိတ်မိနေတယ်”ဟု ဒေသခံများက ပြောသည်။

အထူးဒေသ ၁ နယ်ခြားစောင့်တပ်များနှင့် ဆခုန်တိန့်ပြည်သူ့စစ်များ ပန်ဝါမြို့ကို ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ