ရှေ့ကိုချီလေ .. ပြည်သူ့စစ်မှုထမ်းတွေ

———————————————– (မင်းထက်ကျော်ဇော)

                ပြည်သူ့စစ်ဆိုသည့် စကားရပ်ကို နိုင်ငံသားတိုင်းကြားဖူးကြပေမဲ့ ပြည်သူ့ စစ်မှုထမ်း ဆိုသည့် အသုံးအနှုန်းနှင့်တော့ မြန်မာ နိုင်ငံသူ/နိုင်ငံသား များ နှင့် စိမ်းလှ သည်။ ပြည်သူ့စစ်နှင့် ပြည်သူ့စစ်မှုထမ်း ဆိုသည်ကား တူသလိုလိုဖြစ်ပေမဲ့ မတူတာမှ လုံးလုံးကိုမတူတာဖြစ်သည်။

                နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြုလိုက်ချိန်မှသာ စတင်ကြားရသိရခြင်းပင်ဖြစ်သည်။ ဆိုတော့ တချို့ကား ပြည်သူ့စစ်နှင့်တူတူပဲဟု ထင်ကြသည်။ တချို့ကတော့ မတူဘူးဆိုတာသိသည်။

သို့သော် ဘာတွေမတူဘူး ဘယ်အပိုင်းတွေ မတူဘူးဆိုတာ တော့မသိကြ။  သူတို့ မသိတာလဲ ဆန်းတော့မဆန်းချေ။ ဒီမိုကရေစီနိုင်ငံတွေမှာ ပြည်သူ့ စစ်မှုထမ်း ဥပဒေပြဌာန်းလာတာ အချို့ နိုင်ငံတွေက ဆယ်စုနှစ် တွေတောင်ရှိလို့နေ လေချေပြီ။

အမေရိကန်၊ တောင်ကိုရီးယား စသည့်နိုင်ငံတွေမှာ ပြည်သူ့စစ်မှုထမ်း ဆိုတာ ထမ်းကို ထမ်းရမှာဟု သဘောပေါက်နေပြီသားဖြစ်ပေမဲ့ မြန်မာနိုင်ငံမှာတော့ အထူးအဆန်း ဥပဒေကြီးတစ်ခုလို ထင်မှတ်နေကြသည်။ 

ထားပါလေ .. ထိုသို့ဖြစ်အောင်လဲ ကိုယ်နိုင်ငံရဲ့ အခြေအနေက ဖန်တီးနေတာ ကိုး။ ခု နစက အစိုးရလက်ထတ်မှာမှ စတင်ထမ်းဆောင်ရမည်ဆိုတော့ တစ်ဖက်မှ သွေးထိုးသပ်လျှိုသည့် အဖွဲ့အစည်းများ မီဒီယာများကြောင့် ပြည်သူ့စစ်မှုထမ်းဥပဒေမှာ အတော်ကို ပုတ်ခတ်မှုဒဏ်ကိုခံခဲ့ရပြီး အောင်မှ အောင်မြင်ပါ့မလားလို့တောင် တွေးခဲ့ ရသည်အခြေအနေပါပင်။

                                စစ်မှုထမ်း ဥပဒေ စတင်အသက်ဝင်ပြီး ကော်မတီတွေဖွဲ့စည်းကာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွေမှ တဆင့် လူစတင်ခေါ်ယူချိန်မှာတော့ “လူထုကြားတွင် ပေါ်တာဆွေဲ နေပြီ” “အတင်း အဓမ္မ လူတွေခေါ်နေပြီ” “စစ်မှုမထမ်းချင်လျှင် ပိုက်ဆံပေးရမည်” စသည့် မဟုတ်သည့် သတင်းတွေ ဖြန့်ဝေ သလို “အုပ်ချုပ်ရေးမှူး မိသားစုတွေ ကင်းလွတ်ခွင့်ရမည်” တို့ “အမျိုးသားများ Passport လျှောက်ထား ခွင့်ပိတ်ပြီ” တို့စသည့် စိတ်ပူပန်မှုများအောင် ဆောင်ရွက်ကြပြန်သည်။

တကယ်တမ်းမြေပြင်မှာလဲ စစ်မှုထမ်းဥပဒေနှင့် ရင်းနှီးကျွမ်းဝင်မှုမရှိသော ပြည်သူများမှာလဲ အထိတ်တလန့်ဖြစ်ကာ ဆန်ကျင်ဘက်အဖွဲ့အစည်းနှင့် မီဒီယာများ သတင်းဖြန့်သလို ကြောက်လန့်ပြီး နိုင်ငံခြားကိုပြေးရမလား၊ ဆေးရုံပဲပြေးတက်ရမလား သိုလော့ သို့လော ဖြစ်ခဲ့ကြတာတော့ ငြင်းမရ။  သို့သော် .. သိုသော့် မြန်မာဆိုတာ မြန်လဲမြန်သလို မာလဲမာသည့် လူမျိုးဖြစ်သည်။ ဘယ်နိုင်ငံ ဘယ်လူမျိုးကိုမှ မစော်ကားသော်လည်း ကိုယ့်ကိုထိလာလျှင်တော့ ရေဆုံးမြေဆုံးချေမှုန်းတတ်သည့် စိတ်ဓာတ်တွေလဲရှိသည်။

ဘာသာနှင့်သာသနာ ကို စော်ကားလျှင် မချိတင်ကဲသည့် ခံယူချက်ရှိသည်။ ထိုသို့ စိတ်ဓာတ်နှင့် ခံယူချက်ရှိသည့် လူမျိုးဖြစ်သဖြင့် ၁၀၂၇ ကျူးကျော်စစ်အပြီး အုံ့ပုန်းဖြစ်နေသည့် အမျိုးသားရေးလောင်စာတွေ မီးခဲပြာဖုံးဖြစ်နေရာမှ တောက်လောင်လာပြီး ပြည်သူ့စစ်မှုထမ်း ဥပဒေဖော်ဆောင်မှုနှင့် အံကိုက်ဖြစ်နေသဖြင့် တပ်မတော်တွင်းသို့ စစ်မှုထမ်းရန် မိမိ သဘောဆန္ဒအလျောက် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို လာရောက်သတင်းပို့သူများ များပြားသည်ကို မထင်မှတ်စရာ ကြုံတွေ့ခဲ့ရသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၊ တပ်မတော်နှင့် အုပ်ချုပ်ရေးအဖွဲ့အစည်းများ သည် ဒီတစ်ကြိမ်မှာတော့ သတင်းတွေ သိုဝှက်သိပ်သည်းစွာဆောင်ရွက်ရင်း ပြည်သူ့ စစ်မှုထမ်း အမှတ်စဉ် (၁) စတင်ဖွင်လှစ်ချိန်မှာတော့ သက်ဆိုင်ရာ တပ်နယ်အလိုက် တည်းခိုရေးစခန်းတွေမှာ ကြိုဆိုပွေဲ တွခြိမ့်ခြိမ့်သဲ ဆောင်ရွက်ရင်း အထင်နှင်အမြင့် တခြားစီဖြစ်သည်ကို သက်သေပြသလိုက်နိုင်ခဲ့သည်။

                အံ့သြစရာကောင်းလောက်အောင် စိတ်ဓာတ်တက်ကြွဖွယ်ကောင်းလောက် အောင် တစ်ခဲနက် ဝင်ရောက်လာသည့် ပြည်သူ့စစ်မှုထမ်း လူငယ်တွေအရေအတွက်ကား ကြောက်ခမန်းလိလိ ဖြစ်သည်။ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းရဲ့ စစ်ဘင်ထုသံဖြင့်ကြိုဆိုမှုကားမြန်မာ တို့၏ စစ်သွေးစစ်မာန်ကို ပိုပြီး ပံ့ပိုးပေးလိုက်သည်အလား နားထင်ကြောတွေထောင်စရာ။  ဒီလိုနှင့် စစ်မှုထမ်း သင်တန်း အမှတ်စဉ် ၁ ကို အောင်အောင်မြင်မြင်ပင်ဖွင့်လှစ်လို့ သင်တန်းကာလတောင် အတော်ခရီးရောက်နေပြီဟု ကြားသိရ သည်။ တပ်မတော် သည် ၁၀၂၇ ကျူးကျော်စစ်အပြီးမှာ တချို့ လိုအပ်နေသည့် အရာတွေကို ပိုပြီးပြုပြင်

ပြောင်းလဲခဲ့သည်ဟု မြင်သည်။

အရင်က စစ်သားစုဆောင်းရေးတို့ တည်းခိုရေးစခန်းတိုမှာ့ မိမိ သဘောအလျောက် တပ်မတော် ထဲဝင်သည့် လူငယ်များကိုကြိုဆိုသည့်ပုံနှင့် ခု ပြည်သူ့စစ်မှုထမ်း အရ ဝင်လာသည့် လူငယ်များကို ကြိုဆိုသည့်ပုံအတော်ပင် ကွဲပြားသလို နေမှုထိုင်မှု၊ ကျွေးမှုမွေးမှုများမှာလဲ အတော်ကို မွန်းမံခဲ့သည် ဆိုတာ မကြာခင်က အွန်လိုင်းမှာ ပျံနှံ့လာသည့် “ပျိုမေ Vlog” မှာ မြင်တွေ့နိုင်သည်။         

မည်သို့ပင်ဆိုစေကာမူ ခု မွန်းမံမှုသည် တပ်မတော်အတွက်ရော နိုင်ငံတော်အတွက်ရော ကောင်းသော အရွေ့ ဟု စာရေးသူထင်မြင်မိသည်။  ထားပါ  ဆက်ရမည်ဆိုလျှင် ခုဆို ပြည်သူ့စစ်မှုထမ်း အမှတ်စဉ် (၂) ကို စတင်ခေါ်ယူနေပြီဖြစ်သည်။

နိုင်ငံတော်နှင့် တပ်မတော်ရဲ့ အောင်မြင်မှုကို မနာလို မရှုစိမ့်သည့် အဖွဲ့အစည်းတွေကတော့ ခုထိကို အောက်လုံးထိုးနေဆဲဖြစ်သည်။ “ပြည်သူ့စစ်မှုထမ်းတွေထွက်ပြေးနေပြီ” တို့ “သင်တန်းဆင်း လျှင်ရှေ့တန်းကိုပိုနေပြီ ” တိုဆိုသည့် သတင်းတွေနှင့် အောင်မြင်မှုကို ယုတ်လျောသွားအောင့် ဝါဒဖြန့်ကြပြန် သည်။

စာရေးသူ မြေပြင်သတင်းတွေကို ရယူမိသလောက်ဆိုလျှင်တော့ ထွက်ပြေးသည် ဆိုသည့် အသံဗလံတွေဆိုတာ မဟုတ်ဟုသိရသည်။ နောက်ထပ် တဖန် ပြန်စဉ်းစား လျှင်လဲ ပြည်သူ့စစ်မှုထမ်းတွေ သည် လူသားတွေဖြစ်သည်မို့ လူအမျိုးမျိုး စိတ်အထွေထွေပါကြသည်။ ဒါကြောင့် တချို့ စိတ်ဓာတ်မ ကောင်းသည့်သူများပါလာပြီး ထွက်ပြေး ကောင်းထွက်ပြေးနိုင်သည်။

သို့သော် ဒါကား ဆွမ်းဆန်ထဲ ကြွက်ချေးရောနေသည်ကို ဇကာနှင့် စစ်ချလိုက်ခြင်းဖြစ်သဖြင့် အေးဆေးဖြစ်သည်။ နောက်တစ်ချက်ဖြစ်သည့် “ရှေ့တန်းပို့သည်” ဆိုသည့်အချက်ကလဲ ထိုနည်းလည်း ကောင်း ဖြစ်သည်။ နိုင်ငံအတွက် လိုအပ်လာလျှင် အသက်စွန့်မည်လို့တောင် ကတိသစ္စာပြုထားကြသည့် ပြည်သူ့စစ်မှုထမ်းတွေအဖို့ ရှေ့တန်းပဲပို့ပို့ နောက်တန်းပဲပို့ပို့ မထူးဆန်းဟု မြင်မိသည်။ 

အဲ .. ဒီတစ်နေရာမှာ တစ်ချက် ကြားဖြတ်ရှင်းပြလိုသည်ကား ပြည်သူ့စစ်မှုထမ်း ဆိုတာ  ပြည်သူ့စစ်မဟုတ်ဆိုသည့် အချက်ဖြစ်သည်။ ပြည်သူ့စစ် ဆိုသည်ကား Volunteer ကာကွယ်ရေးအင်အားများဖြစ်ကြပြီး တန်းပြည်စစ်မှုထမ်းသူများမဟုတ်ကြ။     

                 ပြည်သူ့စစ်မှုထမ်းဆိုတာကတော့ တန်းပြည့်စစ်မှုထမ်းများဖြစ်ကြသည်။ တပ်မတော်သား ဆိုသည့် စကားရပ်တွင်ပါဝင်သွားမှာဖြစ်ပြီး အချိန်တန် စာချုပ်ပြည့်လျှင်တော့ တပ်မတော်မှာ တာဝန် ဆက်လက်ထမ်းဆောင်လိုသူများသာ ဆက်လက် ထမ်းဆောင် ကြမည်ဖြစ်ပြီး မထမ်းဆောင်လိုသူ များကတော့ ပြည်သူကြားသို့ပြန်သွားကာ နိုင်ငံတော်၏ အရန်အင်အားအနေဖြင့် ဆက်လက်ရှိကြမည်သူများ ဖြစ်သည်။

ဆိုတော့ ပြည်သူ့ စစ်မှုထမ်းတွေအတွက် ရှေ့တန်းဆိုတာ ဘာမှထူးဆန်းသည့် အရပ်မဟုတ်လို့ ပြောလိုပါသည်။  ထားပါလေ  မည်သို့ပင်ဆိုစေကာမူ နိုင်ငံတော်၏ ပြည်သူ့စစ်မှုထမ်း ဥပဒေ အရ တောင်တင်းလာမည့် ကာကွယ်ရေးအင်အားကို ဆန်ကျင်ဖက်အဖွဲ့အစည်းများနှင့် လက်နက်ကိုင် သောင်းကျန်းသူများ ထိတ်လန့်နေကြသည်လို့ သတင်းတွေကြားရသည်။ ထိတ်လန့်မည်ဆိုလဲ ထိတ်လန့်ချင်စရာလေ။ ၂၀၂၁ ဖေ ၁ မှာ မသမာမူ နိုင်ငံရေး သမားတွေရဲ့ သွေးထိုးမှုကြောင့် စည်းလုံးမှုပြိုကွဲခဲ့ရသည့်အတွက် ၁၀၂၇ ကျူးကျော်စစ် ကို ဆင်နွှဲပြီး နယ်မြေအချို့ကို ခေတ္တ ခဏ သိမ်းဆည်းနိုင်ခဲ့ကြသည်။

ထို့ပြင် နိုင်ငံတစ်ဝှမ်း သူတို့မှ အာဏာမရလျှင် ဖျက်ဆီးဆိုသည့် မူဝါဒကို ဆုပ်ကိုင်ကာ မတည် မငြိမ်ဖြစ်အောင် လုပ်ကြသည်။ ခု တဖွဲဖွဲဝင်ရောက်လာသည့် အင်အားနှင့် မြန်မာ့စိတ်ဓာတ် ပေါင်းစည်း လိုက်လျှင် မသူတော်တို့ရရှိခဲ့သည့် အောင်ပွဲတွေကား ကြာရှည်ခံမှာမဟုတ်ဆိုတာ ဗေဒင်မေးစရာမလိုချေ။ 

နိဂုံးချုပ်ဆိုရသော် နိုင်ငံတော်ရဲ့ ကံကြမ္မာဆိုးတွေ တဖြည်းဖြည်း ပျောက်ကွယ်တော့မည်လို့ စာရေးသူ ယုံကြည်ပါသည်။ ပြည်သူ့စစ်မှုထမ်းတွေရဲ့ အင်အားတွေ ဖြန်ကျက်ပြီး တပ်မတော်ကြီး အင်အားတည်ဆောက်ရင်း နိုင်ငံတော်ရဲ့ နယ်မြေတွေကို ပြန်လည်သိမ်းယူကြပါစို့။ ပြည်ထောင်စုကို ပြန်လည်စုစည်းကြပါစို့ လို့ ပြောကြားရင်း ………… ။

“ရှေ့ကိုချီလေ .. ပြည်သူ့ စစ်မှုထမ်းတွေ      ငါတိုမြေ ငါတို့ရေ ငါတို့လေ ကို   ပြန်ယူမယ်လေ

 မြန်မာသွေးပြကြမလေ့   သင်းသူပုန်တွေ  ကြောက်ရွံ့အောင်လေ

                                နိုင်ငံတော်ကြီး အဓွန့်ရှည်ပါစေ”

“ရှေ့ကိုချီလေ .. ပြည်သူ့ စစ်မှုထမ်းတွေ      ငါတိုမြေ ငါတို့ရေ ငါတို့လေ ကို   ပြန်ယူမယ်လေ

 မြန်မာသွေးပြကြမလေ့   သင်းသူပုန်တွေ  ကြောက်ရွံ့အောင်လေ

                                နိုင်ငံတော်ကြီး အဓွန့်ရှည်ပါစေ”

PAN