မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း လက်ပစ်ဗုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရန်ခြိမ်းခြောက်မှု၊ Mobile Phone အရောင်းဆိုင်များအား လုယက်မှုနှင့် ခရီးသွားပြည်သူများအား ဓားထောက်၍ ရွှေထည်ပစ္စည်းများ လုယက်မှုတို့မှ ကျူးလွန်သူတရားခံ ၁၁ ဦးအား သက်သေခံပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိ


(မှုခင်း) ဇွန် ၁၅

မန္တလေးမြို့ပေါ်၌ ဖောက်ခွဲရေးပစ္စည်းများဖြင့် ပစ်ခတ်ဖောက်ခွဲတိုက်ခိုက်ခဲ့သည့် တရားခံများ ဖော်ထုတ်ဖမ်းဆီးရမိနိုင်ရေးအတွက် ဇွန် ၁၂ ရက်ညပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များအတွင်း ပိတ်ဆို့စစ်ဆေးရှာဖွေခြင်း၊ ရှောင်တခင်ဧည့်စာရင်းစစ်ဆေးခြင်းများ ဆောင်ရွက်နေစဉ် မဟာမြိုင်(၂)ရပ်ကွက်၊ ၄၃ (အေ)လမ်း၊ ၆၁ လမ်းထောင့်ရှိ Royal Star စားသောက်ဆိုင်ရှေ့ တွင် အမျိုးသားနှစ်ဦးမှ လက်ပစ်ဗုံးတစ်လုံးနှင့် ဓားမြှောင် တစ်ချောင်းတို့ကို ကိုင်ဆောင်၍ ဆိုင်ဝန်ထမ်းများအား ရန်ရှာခြိမ်းခြောက်နေကြောင်းသတင်းအရ သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ရာ လက်ပစ်ဗုံးဖြင့် ဖောက်ခွဲ ရန် ခြိမ်းခြောက်ခဲ့သူ မဟာအောင်မြေမြို့နယ် မဟာမြိုင်(၁) ရပ်ကွက် ဒ-၉/၁၀၆ နေ ဝင်းမြိုင် (၅၆)နှစ်၊ (ဘ) ဦးချစ်ခင် အား MG-1 လက်ပစ်ဗုံးတစ်လုံး၊ အရိုး အသွား ၁၃ လက်မခန့်ရှိ ဓားအိမ်ပါ ဓားဦးချွန်တစ်ချောင်းဖြင့်လည်းကောင်း၊ ဓားဦးချွန်ကိုင်ဆောင် ခြိမ်းခြောက်ခဲ့သူ ပုသိမ်ကြီးမြို့နယ် မဲကင်းကုန်း ကျေးရွာရှိ အောင်မြေမန္တလာဝန်ထမ်းအိမ်ရာနေ ကျော်ဇေယျာ (၃၉)နှစ်၊ (ဘ)ဦးကျော်ဌေးအောင်အား ဓားဦးချွန်တစ်ချောင်းဖြင့်လည်းကောင်း ဇွန် ၁၃ ရက် နံနက် ၁ နာရီတွင် ၎င်းတို့၏ နေအိမ်အသီးသီး၌ ဖမ်းဆီးရမိခဲ့ပြီး အသေးစိတ်ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

အလားတူ လုံခြုံရေးတပ်ဖွဲ့ဝင်များသည် မန္တလေးမြို့ပေါ်ရပ်ကွက်များနှင့် အနီးပတ်ဝန်းကျင်ရှိ မြို့နယ်များအတွင်း လုယက်မှုများအကြိမ်ကြိမ်ကျူးလွန်ခဲ့သူ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး(ခ) ရှရစ်ဘိုင်(၃၂)နှစ်၊ (ဘ)ဦးအောင်သန်းအား ဇွန် ၁၃ ရက် နေ့လယ် ၁၂ နာရီခွဲတွင် မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဘုံးအိုး ကျေးရွာရှိ ၎င်း၏နေအိမ်တွင် ဖမ်းဆီးရမိခဲ့သည်။

ဖမ်းဆီးရမိနိုင်ရေးစစ်ဆေးချက်အရ ပိုင်စိုး(ခ)ပိုင်ပိုင်စိုး (ခ)ရှရစ်ဘိုင်သည် ၂၀၁၉ ခုနှစ်နှင့် ၂၀၂၁ ခုနှစ်များအတွင်း စစ်ကိုင်းမြို့နှင့် မန္တလေးမြို့များအတွင်း ခိုးမှုနှင့်လုယက်မှု နှစ်မှုတို့ဖြင့် ထောင်ဒဏ်လေးနှစ်ကျခံခဲ့ရဖူးသူဖြစ်ပြီး လွန်ခဲ့သည့် ၂၀၂၄ ခုနှစ် မေလအတွင်း ၎င်းသည်ဖမ်းဆီးရန်ကျန်တရားခံ ကျောက်ဆည် မြို့နယ် လက်ပံကျေးရွာနေ မျိုးမင်းလတ်နှင့်အတူ အမရပူရမြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ကျောက်စိမ်းဘုရားအနီး၊ စွယ်တော်ဘုရား အရှေ့ဘက်ပွဲရုံ တိုက်တန်းအနီး၊ မြစ်ငယ်-စစ်ကိုင်းသွားကားလမ်းရှိ ကျောက်စိမ်းဘုရားအနီး၊ မြစ်ငယ်-အုန်းချောသွားကားလမ်းရှိ စိတ်ကျန်းမာရေးဆေးရုံ အနီး၊ ရန်ကုန်-မန္တလေးကား လမ်းဟောင်းဘေးရှိ နတ်ရေကန်ကျေးရွာအနီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရန်ကုန်-မန္တလေးကားလမ်းဟောင်းရှိ တံခွန်တိုင် အဝိုင်းအနီး၊ ၇၃ လမ်းရှိ ယာယီကားကြီးကွင်းအနီး စုစုပေါင်းနေရာခုနစ်ခုတို့တွင် ဆိုင်ကယ်စီးနင်းသွားလာသူများထံမှ ရွှေထည်ပစ္စည်းများအား လုယက်မှု ခုနစ်ကြိမ် ကျူးလွန်ခဲ့သူဖြစ်ကြောင်း ဖော်ထုတ်သိရှိရပြီး အမှုများမှ သက်သေခံပစ္စည်းများအား သိမ်းဆည်းနိုင်ရေးနှင့် အမှုမှဖမ်းဆီးရန် ကျန်တရားခံ မျိုးမင်းလတ်အား ဖမ်းဆီးရမိနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ