စပါးလင်ရဲ့ ကျန်းမာရေး ကောင်းကျိုးများ


(အားကစား) ဇွန်

စပါးလင်မှာ ဗီတာမင်စီ၊ ဖောလစ်အက်စစ်၊ မဂ္ဂနီဆီယမ်၊ ဇင့်၊ သံဓာတ်၊ ထုံးဓာတ်၊ ပိုတက်ဆီယမ်၊ ဖော့စဖရက်စ်စတာတွေ ကြွယ်ဝပြီး ဆေးဖက်ဝင် အစွမ်းသတ္တိတွေ ရှိပါတယ်။

စပါးလင်ဟာ အစာခြေလမ်း ကြောင်းထဲမှာရှိတဲ့ မကောင်းတဲ့ ဘက်တီးရီးယားနဲ့ ကပ်ပါးကောင်တွေ ကို သေစေပြီး အူမထဲက အကျိုးပြုဘက်တီးရီးယား တွေကို တိုးပွားစေနိုင်တာကြောင့် ကောင်းစွာအစာချေဖျက်နိုင်ဖို့ အထောက် အကူပြုပါတယ်။

နောက်ပြီးတော့ ကိုလက်စထရောပမာဏကိုလည်း ထိန်းချုပ်ပေးနိုင်စွမ်း ရှိပါတယ်။ စပါးလင်ဟာ ကင်ဆာရောဂါတွေကိုလည်း ကာကွယ်နိုင်စွမ်းရှိပြီး ခေါင်းကိုက်၊ ရင်ကျပ်၊ လည်ချောင်းနာ၊ ချွေးထွက်လွန်၊ ကိုယ်နံ့ဆိုး ထွက်တာမျိုးဖြစ်ရင်လည်း စပါးလင်နှစ်ချောင်း၊ သုံးချောင်း ကို သစ်ကြံပိုးခေါက်၊ နနွင်းမှုန့် အနည်းငယ်နဲ့ ဆူအောင်တည်ပြီး အရည်ကို သောက်ပေးနိုင်ပါတယ်။

စပါးလင်ရဲ့ ပင်ကိုအစွမ်းသတ္တိအရအဆိပ်အတောက်တွေ၊ ယူရစ်အက်စစ်နဲ့ မကောင်းတဲ့ ကိုလက်စထရော တွေ ကို ဆီးသွားခြင်းဖြင့် စွန့်ထုတ်စေတာကြောင့် ကျောက်ကပ်အတွက် ကောင်းကျိုး ပြုပါတယ်။

ပိုးမွှားတွေနဲ့ မှို ရောဂါတွေကို သေစေနိုင်စွမ်း ရှိတာကြောင့် စပါးလင်နဲ့ အအေးမိ၊ နှာစေး၊ တုပ်ကွေး၊ ဖျားနာတာတွေကို ကုသ နိုင်ပါတယ်။ ကြွက်သားနာကျင် တာ၊ ဂေါက်ရောဂါ၊ အရိုးအဆစ်ရောင် ရမ်းနာနဲ့ အခြားသောအဆစ် အမြစ်နာကျင်တာ တွေကို စပါးလင်ဆီ လိမ်းပေးရင်သက်သာစေပါတယ်။

နို့တိုက်မိခင်တွေအတွက် ဆိုရင်လည်း နို့ထွက်အားကောင်း စေပြီး ရင်သွေးငယ်တွေ ကျန်းမာပြီး ရောဂါပိုးကူးစက်ခံရမှု တွေက ကာကွယ်ပေးပါတယ်။ ဒါ့အပြင် စိတ်ပိုင်းဆိုင်ရာ ကျန်းမာစေပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုပိုရှိစေကာ လန်းဆန်းတက်ကြွ စေနိုင်တာကြောင့် စိတ်ကျဝေဒနာအတွက် အကောင်းဆုံး ဆေးတစ်ခုပဲ ဖြစ်ပါတယ်။

ကိုယ်နံ့မကောင်းတာနဲ့ အရေပြား ကျန်းမာရေးအတွက်လည်း အထောက်အကူပြုပါတယ်။ အသားအရေလှဖို့အတွက် စပါးလင်ဆီ လိမ်းမယ် ဆိုရင်တော့ ရေ သို့မဟုတ် သံလွင်ဆီနဲ့ရောပြီးမှ လိမ်းဖို့ အကြံပြုလိုက်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ