ဂွေးပင်နယ်မြေရဲစခန်းအား အကြမ်းဖက် PDF အဖွဲ့ဝင် ၃ ဦးမှ လက်နတ်ငယ်ဖြင့် ပစ်ခတ်ပြီး ထွက်ပြေး


(ပြည်တွင်း) ဇွန် ၁၆

မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ်၊ ဂွေးပင်နယ်မြေရဲစခန်းအား ယမန်နေ့ ညနေ ၅ နာရီ ၁ မိနစ်အချိန်ခန့်က ဆိုင်ကယ် ၂ စီးဖြင့် အကြမ်းဖက် PDF အဖွဲ့ဝင် ၃ ဦး ရောက်ရှိလာပြီး လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ရဲစခန်းမှ ပြန်လည်ပစ်ခတ်ရာ အကြမ်းဖက် PDFအဖွဲ့ဝင်များသည် ချောက်-ရေနံချောင်း ကားလမ်းအတိုင်း၊ ကြောင်လျှာတောကျေးရွာဘက်သို့ ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါပစ်ခတ်မှုကြောင့် လူ/လက်နက်အဆောက်အဦး ပျက်စီးမှု မရှိကြောင်း၊ အကြမ်းဖက် PDF များ ဆုတ်ခွာထွက်ပြေးသွားရာ လမ်းကြောင်းသို့ လုံခြုံရေး ပူးပေါင်းအဖွဲ့မှ လိုက်လံရှာဖွေပိတ်ဆို့ နယ်မြေရှင်းလင်းရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

ချောက်မြို့နှင့် ချောက်မြို့နယ်အတွင်းရှိ လုံခြုံရေးစခန်းများသို့ အကြမ်းဖက်အဖွဲ့များမှ လက်နက်ငယ်ဖြင့် လာရောက်ပစ်ခတ်မှုဖြစ်စဉ် (၁)ကြိမ်သာ ရှိ ကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ