၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ကော့သောင်းမှ ထိုင်းနိုင်ငံ ရနောင်းသို့ ရေထွက်ပစ္စည်းပို့ကုန် အမေရိကန်ဒေါ်လာ ၁၈၅ သန်းကျော် တင်ပို့နိုင်ခဲ့

(စီးပွားရေး) ဇွန် ၁၅

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးအနေဖြင့် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်တွင် ရေထွက်ပစ္စည်းပို့ကုန်တင်ပို့မှု လှေစီးရေ (၄၀၀၀)စီးတန်ဖိုး အမေရိကန်ဒေါ်လာ (၁၈၅.၂၉၉)သန်းအား ကော့သောင်း တစ်ဖက်ကမ်း ထိုင်းနိုင်ငံ ရနောင်းသို့တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ကော့သောင်းနယ်စပ်ကုန်သွယ်ရေးအနေဖြင့် ရေထွက်ပစ္စည်းအဓိက ပြည်ပသို့တင်ပို့လျက်ရှိ သော စခန်းတစ်ခုဖြစ်၍  နှစ်စဉ်ရေထွက်ပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေးဆောင်ရွက်လျက်ရှိရာ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွင်း လအလိုက်တင်ပို့ရန် လျာထားမှုများအား ပြည့်မီနိုင်ရေးဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ကုန်သွယ်မှု လျှင်မြန်ချောမွေ့စေရေးနှင့် ပို့ကုန်မြှင့်တင်ရေး ​ကော့သောင်းမြို့ ရွှေဟင်္သာရပ်ကွက်ရှိ ကော့သောင်း FOB စစ်ဆေးရေးစခန်းတွင် FOB စစ်ဆေးရေးအဖွဲ့မှ ရေထွက်ပစ္စည်းပြည်ပတင်ပို့မည့်လှေများအား စနစ်တကျစစ်ဆေး ဆောင်ရွက်‌ပေးနေကြောင်း သိရသည်။

#PAN