၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး ရေကူးပြိုင်ပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရေကူးအဖွဲ့ တံခွန်စိုက်ဆုဖလားဆုရရှိ


(အားကစား) ဇွန်

၂ဝ၂၄ခုနှစ် ပြည်နယ်နှင့် တိုင်းဒေသကြီး ရေကူးပြိုင်ပွဲကို နေပြည်တော် ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် ဇွန် လ ၁၂ ရက်၊ ၁၃ ရက်နေ့ များတွင် ကျင်းပခဲ့ရာပြည်နယ်နှင့် တိုင်းဒေသကြီး (၁၁) ခုမှ ရေကူးအားကစားသမား (၁၆၇) ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး ရေကူးအသင်းအနေဖြင့် အမျိုးသား တံခွန်စိုက်ဆုနှင့် အမျိုးသမီးတံခွန်စိုက်ဆုအပြင်၊ အမျိုးသား၊ အမျိုးသမီး အကောင်းဆုံး အားကစား ဆုများကိုပါ ရရှိခဲ့ကြောင်း သိရသည်။

၂ဝ၂၄ ခုနှစ်၊ ပြည်နယ်နှင့်တိုင်းဒေသကြီးရေကူးပြိုင်ပွဲတွင် တံခွန်စိုက်ဆုဖလားဆုရရှိခဲ့သော ရန်ကုန်တိုင်းဒေသကြီးရေကူးအဖွဲ့အား ယမန်နေ့ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး တောင်ဥက္ကလာပမြို့နယ်ရှိ၊ ပဒေသာ အားကစားခန်းမ၌ ဂုဏ်ပြုပွဲအခမ်းနားဂုဏ်ပြုသည့်အခမ်းအနားပြုလုပ်ခဲ့ကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMT #SZ