နွယ်ရုံကျေးရွာမှ စစ်မှုထမ်းဟောင်း အမျိုးသားတစ်ဦးအား အကြမ်းဖက်သမားများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်


(ပြည်တွင်း) ဇွန် ၁၅

မန္တလေးတိုင်းဒေသကြီး၊ စဥ့်ကူးမြို့နယ်၊ ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ နွယ်ရုံကျေးရွာ၊ ရွှေသရဖူရပ်ကွက်နေ စစ်မှုထမ်းဟောင်းအမျိုးသား တစ်ဦးအား အကြမ်းဖက် PDF အဖွဲ့၏ သေနတ်ဖြင့် ပစ်သတ်မှုကြောင့် သေဆုံးသွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယမန်နေ့နေ့လည် ၄ နာရီ ၃၀ မိနစ်အချိန်ခန့်က နွယ်ရုံကျေးရွာ၊ မန္တလေး-မိုးကုတ်ကားလမ်းဘေး၊ မိုင်တိုင်အမှတ် ၅၈/၁၊ ရွှေပေါက ပေါက် စက်သုံးဆီအရောင်းဆိုင်အနီးရှိ ဘော်လီဘော အားကစားကွင်းတွင် ဦးအောင်ကိုကို၊ ၅၄ နှစ်၊ (ဘ)ဦးတင်ဦး(စစ်မှုထမ်းဟောင်း)သည် ဘောလီဘော ကစားနေသည်ကို ကြည့်ရှုနေစဥ် အကြမ်းဖက်သမား ၄ ဦး၊ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး သေနတ်(စိစစ်ဆဲ)ဖြင့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးအောင်ကိုကိုတွင် ဝဲ-မျက်ခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-မေးစေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ၊ဆီးခုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ဝဲ-ရင်အုံ ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ ယာ-လက်မောင်း ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး အခင်းဖြစ် နေရာတွင် သေဆုံးသွားကြောင်း သိရှိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ