ခူမီးလူမျိုးများစည်းထားသည့် GKO အဖွဲ့ကိုလက်တစ်ဆုပ်စာအဖွဲ့အဖြစ် ချင်းလက်နက်ကိုင်အဖွဲ့လှောင်ပြောင်

(ပြည်တွင်း) ဇွန် ၁၅

လက်တစ်ဆုပ်စာ လူများဖြင့် ဖွဲ့စည်းထားသည့် (GKO) ကဲ့သို့သော အဖွဲ့အစည်းများမှ မဟုတ်မမှန် သတင်းများကို ထုတ်ပြန်တိုက်ခိုက်ခြင်းမှာတော်လှန်ရေးကို အကျိုးယုတ်စေသည့် စိတ်ဓာတ်မမှန်သော၊ မှားယွင်းသော လုပ်ရပ်များသာ ဖြစ်သည်ဟု ချင်းအကြမ်းဖက်လက်နက်ကိုင်များပါဝင်သည့် အဖွဲ့ ၆ ဖွဲ့မှ ပြောဆိုထားသည်။

လူမျိုးစုရေး ပဋိပက္ခပြဿနာများ၊ မဟုတ်မမှန် ကောလာဟလသတင်းများဖြင့် အချိန်ကိုက်လုပ်ကြံတိုက်ခိုက်ခြင်းမှာ သွေးရိုးသားရိုးမဟုတ်ဘဲ အကြမ်းဖက် စစ်ကောင်စီကိုအားပေးသော နိုင်ငံရေးလုပ်ကြံမှုသာဖြစ်သည်ဟု ချင်းညီနောင်အနေဖြင့် ရှုမြင်သည်ဟု အဆိုပါအဖွဲ့များမှပြောဆိုထားသည်။

ချင်းတော်လှန်ရေး အဖွဲ့များနှင့် အာရက္ခတပ်တော်တို့ အိမ်းနီးနားချင်း ဆွေးမျိုးရင်းချာညီအစ်ကိုများသဖွယ် အသက်ထပ်တိုက်ပွဲဝင်နေကြစဉ်ကာလတွင်း အချို့သော လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ သွေးထိုးလှုံ့ဆော်မှုများကြောင့် ချင်းတော်လှန်ရေးအဖွဲ့များနှင့်အာရက္ခတပ်တော်တို့၏ ပူးပေါင်းဆောင်ရွက်မှုများကို မထိခိုက်စေရန် သတိထားရမည်ဟုလည်း ပြောဆိုထားသည်။

ခူမီးလူမျိုးများစည်းထားသည့် GKO အဖွဲ့မှ ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က သဘောထားကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပြီး အဲ့ဒီသဘောထားထုတ်ပြန်ချက်တွင် ရက္ခိုင့် တပ်တော် AA မှ ပလက်ဝမြို့က ချင်းလူမျိုးတွေအပေါ် လူမဆန်စွာရိုက်နပ်ညှင်းပန်းနှိပ်စက်မှုများ သတ်ဖြတ်မှုများနှင့် သက်ငယ်မုဒိမ့်မှုပေါင်းစုံကျူးလွန်နေသကဲ့သို့ ဒေသတွင်းမှာလည်း မူးယစ်ဆေးဝါးရောင်းချမှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများပြုလုပ်ခဲ့ကြောင်း ပြောဆိုထားသည်။

#PAN