ကျည် ၃ တောင့်နှင့်ခြိမ်းခြောက်စာပို့ခံရသည့် စာသင်ကျောင်း ပိတ်လိုက်ပြီ

(အကြမ်းဖက်) ဇွန် ၁၅

ခြိမ်းခြောက်စာနှင့် ကျည်ဆံ ၃ တောင့်ပို့ခံရသည့် ကရင်ပြည်နယ် ကြာအင်းဆိပ်ကြီးမြို့နယ် ကြာအင်းရွာ အထက(ခွဲ)ကျောင်းကို ပိတ်လိုက်ပြီဖြစ်သည်ဟု ဒေသခံမျ၏ပြောဆိုချက်အရ သိရသည်။

ကျောင်းအုပ် ကျောင်းဆရာ ဆရာမများ နိုင်ငံတော်ကသတ်မှတ်ထားသည့် အဖြူအစိမ်းမဝတ်ရန် ကျောင်းသားကျောင်းသူများ ကိုယ်ထူကိုယ်ထကျောင်းတွင်သာတက်ရောက်ရန် ဆိုသည့် မလိုက်နာလျှင်နောင်ဖြစ်လာမည့်ကိစ္စအားတာဝန်မယူဟု ယင်းခြိမ်းခြောက်စာတွင်ထည့်သွင်းရေးသားထားသည်။

“ကျောင်းကို မနေ့မနက်က ကျည်ဆံ ၃ တောင့်နဲ့စာပို့ခဲ့လို့ ချက်ခြင်းပိတ်လိုက်တယ်။ ပြန်ဖွင့်နိုင်ဖို့တော့ ကြိုးစားနေနာပဲ” ဟု ဒေသတွင်းသတင်းအရင်းအမြစ်က PAN ကိုပြောသည်။

ကြာအင်းကျေးရွာ အထက(ခွဲ)ကျောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် ကျောင်းသားကျောင်းသူများဆက်လက်ပညာသင်ကြားနိုင်ရေးဆက်လက်ကြိုးစား ညှိနှိုင်းသွားမည်ဟု သိရကြောင်း သတင်းအရင်းအမြစ်၏ ပြောဆိုချက်အရသိရသည်။

နိုင်ငံတစ်ဝှမ်းတွင် အကြမ်းဖက်မှုများ ခြိမ်းခြောက်မှုများ ပစ်ခတ်သတ်ဖြတ်မှုများရှိနေသော်လည်း ၂၀၂၅ ခုနှစ်တွင် ပါတီစုံအထွေထွေရွေးကောက်ပွဲအား ကျင်းပသွားရန်ပြင်ဆင်ဆောင်ရွက်နေကြောင်းသည်ဟု နစက ဥက္ကဋ္ဌမှ ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်သတင်းဌာန၏ ညပိုင်း သတင်းတွင် ကြေညာထားသည်။

#PAN