ကရင်ပြည်နယ်တွင် ဈေးကွက်ဝယ်လိုအားကောင်းသည့် ကော်ဖီသီးနှံကို ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးမည်

(စီးပွားရေး) ဇွန် ၁၅

ကော်ဖီသီးနှံမှာ တန်ဖိုးမြှင့်သီးနှံတစ်မျိုးဖြစ်ပြီး ကမ္ဘာ့ကုန်သွယ်မှုပမာဏအရ ရောင်းဝယ်မှုအများဆုံးကုန်စည် စာရင်းတွင်ပါဝင်သည့်အတွက် ဈေးကွက်ဝယ်လိုအားကောင်းသော ကော်ဖီသီးနှံကို ကရင်ပြည်နယ်တွင် ဧက ၁၀၀၀ တိုးချဲ့စိုက်ပျိုးရန် လျာထားဆောင်ရွက်နေကြောင်း သိရသည်။

ကရင်ပြည်နယ်တွင် ကော်ဖီစိုက်ဧက ၁၀၀၂၉ ဧကမှ အစေ့အဆံတန်ချိန် ၂၁၂၂၉ ဒဿမ ၆ တန် ထွက်ရှိ လျက်ရှိပြီး သံတောင်ကြီးဒေသတွင် မြေနိမ့်ကော်ဖီ(ရိုဘတ်စတာ)ကို အများအပြားစိုက်ပျိုးထားကြောင်း သိရသည်။

နိုင်ငံခြားဝင်ငွေရှာဖွေပေးနိုင်သည့် ကော်ဖီသီးနှံကို ကျယ်ကျယ်ပြန့်ပြန့်နေရာအနှံ့တိုးချဲ့စိုက် ပျိုးလာနိုင်မှသာ ထုတ်ကုန်အများအပြားထုတ်လုပ်လာနိုင်မည်ဖြစ်ပြီး ဈေးကွက်ဝယ်လိုအားကို ဖြည့်ဆည်းပေးနိုင်မည် ဖြစ်သည့်အတွက် ပြည်နယ်၏အနာဂတ်ကော်ဖီကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို အားလုံးဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန် ဇွန်လ ၁၅ ရက်နေ့နံနက် ၈ နာရီက ဘားအံမြို့နယ် အုန်းတပင် ကျေးရွာအုပ်စု၊ ဗျိုင်းတောင်ကျေးရွာ၌ကျင်းပသည့် ကော်ဖီပျိုးပင်ထောက်ပံ့ပေးအပ်ခြင်းနှင့် ကော်ဖီပင်စုပေါင်းစိုက်ပျိုးပွဲအခမ်းအနားတွင် ​​ပြည်နယ်ဝန်ကြီးချုပ်မှပြောကြားခဲ့ကြောင်း သိရသည်။

ဗျိုင်းတောင်၊ လှာကဒေါင်၊ အုန်းတပင်၊ အိန္ဒဲ၊ အိန္ဒု၊ ကော့သင်းရှူး၊ လက္ခဏ၊ ခလောက်ထောင်၊ သစ်ချ၊ လွန်းည ကျေးရွာများမှ ကော်ဖီသီးနှံစိုက်ပျိုးမည့်တောင်သူများအား ဧက(၁၀၀)အတွက် ကော်ဖီပျိုးပင် ၄၃၅၀၀ ပင်အားဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။

#PAN