ထန်းပင်ချောင်လေးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF နှစ်ဦးမှ နေအိမ်၌သေနတ်ဖြင့် ပစ်သတ်ပြီး ဖုန်း ၂ လုံးနှင့် ပိုက်ဆံများ လုယူထွက်ပြေး


(ပြည်တွင်း)ဇွန် ၁၄

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ထန်းပင်ချောင်လေးကျေးရွာရှိ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးအား အကြမ်းဖက် PDF နှစ်ဦးမှ နေအိမ်၌ရှိနေစဥ် သေနတ်ဖြင့် ဝင်ရောက်ပစ်သတ်သွားကြောင်း သိရသည်။

ဖြစ်စဥ်မှာ ယနေ့နံနက် ၉ နာရီခွဲအချိန်ခန့်က ထန်းပင်းချောင်းလေးကျေးရွာ အုပ်ချုပ်ရေးမှူး ဦးချစ်ဝင်း ၏ နေအိမ်သို့ ပေါင် PDF အကြမ်းဖက်အဖွဲ့ဝင် ၂ ဦးသည် ခမောက်ဆောင်းပြီး ပလိုင်းတစ်လုံးအားလွယ်၍ ဆိုင်ကယ်အဟောင်း ၁ စီးဖြင့် ဝင်ရောက်လာခဲ့ပြီး ဦးချစ်ဝင်း ထံမှ ဖုန်း ၂ လုံးနှင့် ပိုက်ဆံများအား တောင်းယူခဲ့ပြီး အသင့်ယူဆောင်လာသည့် ပစ္စတိုသေနတ်ဖြင့် ၅ ချက်ခန့်ပစ်ခတ်၍ ထန်းပင်ချောင်လေးကျေးရွာမှ သဲကုန်းကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးချစ်ဝင်းသည် ဖြစ်စဉ်နေရာတွင် ရရှိဒဏ်ရာဖြင့် သေဆုံးခဲ့ကြောင်း၊ အကြမ်းဖက် PDF နှစ်ဦး မောင်းနှင်ထွက်ပြေးသွားသည့် ဖြူဘ-သဲကုန်းလမ်းပိုင်းနှင့် ရင်းငြိမ်-ထန်းပင်ချောင်လေး လမ်းပိုင်းတို့အား လုံခြုံရေးပူးပေါင်းအဖွဲ့မှ ပိတ်ဆို့စစ်ဆေး ရှာဖွေခြင်းများ ပြုလုပ်လျက်ရှိကြောင်း သိရသည်။

Telegram>>…
https://t.me/positiveanglenews

PAN

ZN #SZ