တိုင်ဆန် ဖျူရီနဲ့ မကျေပွဲထိုးပြီးပါက ခရူဆာဝိတ်တန်းကို ပြန်လည်ထိုးသတ်မယ်လို ဝန်ခံခဲ့တဲ့ အူဆိုက်


(အားကစား) ဇွန် ၁၄

ဟဲဗီးဝိတ်တန်းချန်ပီယံခါးပတ် လေးခုစလုံးကို ရရှိထားတဲ့ ယူကရိန်းလက်ဝှေ့သမား အိုလက်ဇန္ဒား အူဆိုက် က တိုင်ဆန်ဖျူရီနှင့် မကျေပွဲထိုးသတ်ပြီးပါက ခရူဆာဝိတ်တန်းမှာ ပြန်လည်ထိုးသတ်ဖွယ်ရှိကြောင်း ဝန်ခံ ပြောကြားခဲ့ပါတယ်။

အူဆိုက် ဟာ မေလ ၁၈ ရက်က ဆော်ဒီနိုင်ငံမှာ ကျင်းပတဲ့ ဟဲဗီးဝိတ်တန်းချန်ပီယံ ခါးပတ် ပေါင်းစည်းပွဲ တွင် ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီကို အမှတ်နဲ့အနိုင်ယူကာ WBA(Super)၊ IBF နှင့် WBO ခါးပတ်များ ကာကွယ်နိုင်ခဲ့သလို WBC ခါးပတ်ကိုပါ လွှပြောင်းရယူနိုင်ခဲ့ပြီး ဟဲဗီးဝိတ်တန်းတွင် ခါးပတ်လေးခုစလုံး ရယူနိုင် သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

အူဆိုက် ဟာ ခရူဆာဝိတ်တန်းမှာလည်း WBA(Super)၊ WBC၊ IBF၊ WBO စတဲ့ ချန်ပီယံခါးပတ် လေးခု စလုံးကို အငြင်းပွားဖွယ်မရှိ ရရှိထားသူဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ