၁။ လျှောက်ထားသူသည်-
( က ) ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၁) ရက်နေ့တွင် အသက်(၁၇)နှစ်အောက် မငယ်ရ၊ (၂၀)နှစ်ထက် မကြီးရ။
( ခ ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသား အိမ်ထောင်မရှိဖူးသူ(လူပျို)ဖြစ်ရမည်။
( ဂ ) အနည်းဆုံးအရပ် (၅)ပေ၊ (၃)လက်မနှင့် ကိုယ်အလေးချိန် ပေါင်(၁၀၀)ထက်မနည်းရ၊ပေါင်(၁၄၀) ထက်မကျော်ရ။
( ဃ ) မျက်မှန်တပ်ဆင်ထားသူများ မဖြစ်စေရ။
( င ) ၂၀၂၄ ခုနှစ်တွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဖြေဆိုအောင်မြင်သူဖြစ်ရမည်။
၂။ လျှောက်လွှာများကို မိမိတို့နှင့်နီးစပ်ရာ တိုင်းစစ်ဌာနချုပ်များတွင် ၂၀၂၄ ခုနှစ်၊ ဇွန်လ (၁၇) ရက်နေ့မှစ၍ အခမဲ့ရယူနိုင်သည်။
၃။ လျှောက်လွှာနှင့်အတူ အကျင့်စာရိတ္တကောင်းမွန်ကြောင်း သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည်နယ်၊ မြို့နယ် ရဲတပ်ဖွဲ့စခန်း တစ်ခုခုမှ ထောက်ခံစာ(မူရင်း)နှင့် ပတ်စ်ပို့အရွယ်ဓာတ်ပုံ(၃)ပုံ ပူးတွဲတင်ပြရမည်။
၄။ လျှောက်လွှာကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့နောက်ဆုံးထား၍ လျှောက်လွှာထုတ်ယူခဲ့သော တိုင်းစစ်ဌာနချုပ်များသို့ ပြန်လည်ပေးပို့ကြရမည်။
၅။ သတ်မှတ်ချက်နှင့်ပြည့်စုံပြီး အရည်အချင်းပြည့်မီသော လျှောက်လွှာရှင်များသာ စစ်တက္ကသိုလ်ဗိုလ်လောင်း သင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ဖြေဆိုကြရမည်။
၆။ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲတွင် တက္ကသိုလ်ဝင်စာမေးပွဲသင်ရိုး ညွှန်းတမ်းအတိုင်း အောက်ပါဘာသာရပ်များကို ဖြေဆိုကြရမည်-
( က ) အင်္ဂလိပ်စာ။
( ခ ) သင်္ချာ။
၇။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲကို ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ(၁)ရက်နေ့တွင် မိမိတို့လျှောက်လွှာ တင်သွင်းရာ တိုင်းစစ်ဌာနချုပ်တည်ရှိသည့်မြို့၌ ဖြေဆိုကြရမည်။
၈။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုရမည့် နေရာနှင့်အချိန်ကို သတင်းစာမှ ကြော်ငြာပေးမည်။
၉။ ဖြေဆိုရမည့်ခုံအမှတ်မှာ လျှောက်လွှာတွင်ဖော်ပြထားသည့် ခုံအမှတ်အတိုင်းဖြစ်သည်။
၁၀။ ဝင်ခွင့်အရည်အချင်းစစ်စာမေးပွဲ ဖြေဆိုအောင်မြင်သူများသည် တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက် အစစ်ဆေးခံရမည်။ တပ်မတော်ဗိုလ်ရွေးအဖွဲ့တွင် ဝင်ရောက်အစစ်ဆေးခံရန် အကြောင်းကြားစာများကို သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်များမှတစ်ဆင့် အချိန်မီပေးပို့သွားမည်။
၁၁။ သတ်မှတ်ထားသည့်အချက်အလက်များ တိကျပြည့်စုံစွာရေးသားဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက် ရေးသားဖော်ပြသောလျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။ မိမိတို့ လျှောက်လွှာတင်သွင်းသည့်ဌာနတွင် ရွေးချယ်ခြင်းခံရသည်/မခံရသည်ကို သွားရောက်စုံစမ်းမေးမြန်းနိုင်သည်။
စစ်ရာထူးခန့်ချုပ်ရုံး
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)
Telegram>>…
https://t.me/positiveanglenews