(စစ်ရေး) ဇွန် ၁၄
ရခိုင်ပြည်နယ် အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာတွင်ဖြစ်ပွားခဲ့သည့် ရခိုင်တပ်တော် AA နှင့် တပ်မတော်တို့အကြားဖြစ်ပွားခဲ့သည့်တိုက်ပွဲမှာပြင်းထန်ခဲ့ပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုရှိကြောင်း သတင်းအရင်းအမြစ်များ၏ပြောဆိုချက်အရ သိရသည်။
ဇွန် ၁၁ ရက်နေ့ မနက်အစောပိုင်းကစပြီး အမ်းမြို့နယ်၊ ကဇူးကိုင်းစခန်းကို ရခိုင်ပြည်နယ်အတွင်းက လက်နက်ကိုင်သောင်းကျန်းသူအဖွဲဲ့ဖြစ်သည့် ရခိုင်တပ်တော် AA သည် Drone ၄ စီးအပါအဝင် သာလွန်အင်အားဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
ခုလိုလာရောက်တိုက်ခိုက်ခဲ့ကြသည့် ရခိုင့်တပ်တော်AA ကို တပ်မတော်မှလက်နက်ကြီးပစ်ခတ်မှုများ စခန်းရှိ အရာရှိ/စစ်သည်များ၏ ခုခံတိုက်ခိုက်မှုများကြောင့် AA သောင်းကျန်းသူများ အထိစွာပြေးသွားခဲ့ကြောင်း သိရသည်။
ဇွန် ၁၂ ရက်နေ့၌ ကဇူးကိုင်းစခန်းဝန်းကျင်ကို ရှင်းလင်းချိန်တွင် အလောင်း (၂၃) လောင်းနဲ့ M-22 (၁၂)လက်၊ စက်လက် (၃)လက်၊ M-79 (၁)လက်၊ စုစုပေါင်း သေနတ် (၁၆)လက်၊ 7.62 ကျည် ၅၅၀ တောင့်ကျော် သိမ်းဆည်းရရှိခဲ့သည်ဟု တပ်မတေယ်နှင့်နီးစပ်သူများမှ ပြောဆိုထားသည်။
ယင်းတိုက်ပွဲအတွင်း တပ်မတော်သား ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ပြောဆိုချက်များအရ သိရသည်။
Telegram>>…
https://t.me/positiveanglenews