ရိက္ခာများ တင်ဆောင်ပြီး ပြန်လာသည့် လုံခြုံရေးအဖွဲ့ဝင်များကို အကြမ်းဖက်PDFအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့်တပ်ဖွဲ့ဝင်နှစ်ဦး ထိခိုက်ဒဏ်ရာရ


(ပြည်တွင်း)ဇွန် ၁၂

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့နယ်၊ဟင်္သာမကျေးရွာအုပ်စု၊ရွာသာယာကျေးရွာတွင် အထိုင်ချကာ အခြေပြုနေထိုင်လျက်ရှိသည့် တပ်မတော်လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် ရွာသာယာကျေးရွာ(ဌာနေ) ပြည်သူ့စစ်အဖွဲ့ဝင်တို့သည် ယမန်နေ့ နံနက် ၆နာရီအချိန်ခန့်က ထုံးကြီးကျေးရွာဆိပ်ကမ်းသို့ သံခွန်မော် တော်ရေယာဉ်ဖြင့် ရိက္ခာများအား လာရောက်တင်ဆောင်ပြီး ပြန်လာစဥ် အကြမ်းဖက်PDFအဖွဲ့မှ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဖြစ်စဥ်မှာ လုံခြုံရေးအဖွဲ့များ လိုက်ပါလာသည့် ရိက္ခာများ သယ်ဆောင်လာသော သံခွန်မော် တော်ရေယာဉ်သည် မွန်းလွဲ ၂နာရီခွဲ အချိန်ခန့်တွင် ထုံးကြီးကျေးရွာဆိပ်ကမ်းမှ ပြန်လည်ထွက်ခွာသွားစဉ် ရွာတော်ကျေးရွာဆိပ်ကမ်းမှ အကြမ်းဖက် PDF သောင်းကျန်းသူ အဖွဲ့ အင်အား ၃၀၀ခန့်တို့က လက်နက်ကြီး၊လက်နက်ငယ်များဖြင့် ရိက္ခာတင် ဆောင်လာသည့် သံခွန်မော်တော်ရေယာဉ်အား စောင့်ဆိုင်းကာ ဝိုင်းဝန်းပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းပစ်ခက်တိုက်ခိုက်ခံရမှုကြောင့် တပ်မတော်စစ်ကြောင်းမှ လုံခြုံရေးတပ်ဖွဲ့ဝင် ၁ဦးတွင် ဝဲ-လက်မောင်းအောက် ဖောက်ဝင်ဒဏ်ရာ ၁ချက် (မစိုးရိမ်ရ)နှင့် လုံခြုံရေးတပ်ဖွဲ့ဝင် နောက် ၁ဦးတွင် ဝဲ-လက်မောင်းရှပ်ထိဒဏ်ရာ ၁ချက်(မစိုးရိမ်ရ)တို့ရရှိခဲ့ပြီး ကျန်တပ်ဖွဲ့ဝင်များ ထိခိုက်မှုမရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဥ်တွင် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် လုံခြုံ ရေးတပ်ဖွဲ့ဝင် ၂ဦးအား ဆေးကုသမှု ခံယူရန်အတွက် ယနေ့ ၁နာရီ၅၀မိနစ် အချိန်ခန့်တွင် လုံခြုံရေးစစ်ကြောင်းမှ သံခွန်မော်တော်ယဥ်ဖြင့် စဥ့်ကူးမြို့နယ်၊ထုံးကြီးကျေးရွာဆိပ်ကမ်းသို့ လာရောက်ပို့ဆောင်ခဲ့ရာ ဆိပ်ကမ်းသို့အရောက်တွင် စဥ့်ကူးမြို့နယ်၊အကြမ်းဖက်အဖွဲ့မှ အဖွဲ့ငယ် ခေါင်း ဆောင်ဖြစ်သူ ညွန့်ဝင်း(ယခင် အုပ်ချုပ်ရေးမှုးဟောင်း)ဦးစီးသည့် သောင်းကျန်းသူအဖွဲ့က Drone ဖြင့် Drop Bomb ၁လုံးချကာ တိုက်ခိုက်ခဲ့သည်။

၎င်း Drop Bomb မှာ ထုံးကြီးကျေးရွာ အထကကျောင်း အရှေ့ဘက် ခြံစည်းရိုး အပြင်ကပ်လျက်၌ ကျရောက်ပေါက်ကွဲခဲ့သဖြင့် ကျောင်းမှ တာဝန်ရှိသူများက ကျောင်းသား/သူများ၏ မိဘများအား ခေါ်ယူကာ ကျောင်းသား/သူများအား မိဘများထံ အပ်နှံ၍ ကျောင်းမှ ပြန်လည်စေလွှတ်ပေးခဲ့ကြောင်း၊ ဗုံးသီး ကျရောက် ပေါက်ကွဲမှုကြောင့် လူ/အဆောက်အဦး ထိခိုက်ပျက်စီးမှု မရှိ​​​ကြောင်းသိရသည်။

PAN

ZN