ဘန်ဂျမင်ဆက်စ်ကို ကို ၂၀၂၉ ခုနှစ်အထိ နှစ်ရှည်စာချုပ်ချုပ်ဆိုခဲ့တဲ့ လိုက်ပ်ဇပ်အသင်း


(အားကစား) ဇွန် ၁၃

ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းများက အပြိုင်ပစ်မှတ်ထားနေတဲ့ လိုက်ပ်ဇစ်အသင်းမှ ဆလိုဗေးနီးယား လက်ရွေးစင်တိုက်စစ်မှူး ဘန်ဂျမင်ဆက်စ်ကို ကို လိုက်ပ်ဇစ်အသင်းက ၂၀၂၉ ခုနှစ်နွေရာသီအထိ သက်တမ်းရှိတဲ့ နှစ်ရှည်စာချုပ်သစ်ချုပ်ဆိုရန် သဘောတူညီမှုရရှိခဲ့ပြီ ဖြစ်တယ်လို့ သိရပါတယ်။

ပရီးမီးယားလိဂ် ထိပ်တန်းကလပ်အသင်းများဖြစ်တဲ့ အာဆင်နယ်၊ ချဲလ်ဆီးနှင့် မန်ယူအသင်းတိုရဲ့ ပစ်မှတ် ကစားသမားဖြစ်သူ ဆက်စ်ကို ဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်အတွင်းကမှ အာဆင်နယ် အသင်းသို့ ပြောင်းရွှေ့ရန် သဘောတူညီမှုရရှိခဲ့ပြီလို သတင်းများထွက်ပေါ်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ လိုက်ပ်ဇစ်အသင်းနှင့် စာချုပ်သစ် ချုပ်ဆိုမှာ ဖြစ်တာကြောင့် အပြောင်းအရွှေ့သတင်းများ ပျက်ပြယ်ခဲ့ပြီဖြစ်ပါတယ်။

ဆက်စ်ကို အနေနဲ့ စာချုပ်ပါသဘောတူညီမှုအရ လာမယ့် ၂၀၂၅ (သိုမဟုတ်) ၂၀၂၆ ခုနှစ်မှ မိမိသဘော ဆန္ဒအရ အသင်းမှထွက်ခွာနိုင်မည်ဖြစ်ကြောင်းသိရပါတယ်။ ဆက်စ်ကို ဟာ ပြီးခဲ့တဲ့ရာသီက လိုက်ပ်ဇစ်အသင်း အတွက် ပြိုင်ပွဲစုံပွဲ ၄၀ ကစားခဲ့ရာမှာ ၁၈ ဂိုးသွင်းယူပေးခဲ့ပြီး ဥရောပထိပ်တန်းအသင်းကြီးများရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရသူ ဖြစ်ပါတယ်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ