တောင်ကိုရီးယား၌ ပြင်းအားအသင့်အတင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် နိုင်ငံအတွင်းရှိ ပြည်သူများအား သတိ ပေးထားကြရန် အစိုးရတိုက်တွန်း


(နိုင်ငံတကာ) ဇွန် ၁၃

တောင်ကိုရီးယားနိုင်ငံ အနောက်တောင်ပိုင်းတွင် ဇွန်လ ၁၂ ရက်က ပြင်းအား အသင့်အတင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်မှုကြောင့် နိုင်ငံအတွင်းရှိ ပြည်သူများအား သတိပေးကြရန် အစိုးရက တိုက်တွန်း ခဲ့ကြောင်း သိရသည်။

ပြင်းအား ၄ ဒသမ ၅ မဂ္ဂနီကျူရှိ အဆိုပါငလျင်သည် မြို့တော်ဆိုးလ်မှ တောင်ဘက် ၂၆၅ ကီလိုမီတာအကွာရှိ ဘူအန်ခရိုင် တောင်ပိုင်းတွင် ဒေသစံတော်ချိန် နံနက် ၈ နာရီ ၂၆ မိနစ်က လှုပ်ခတ်သွား ခြင်း ဖြစ်ကြောင်း မိုးလေဝသအဖွဲ့က ထုတ်ပြန်ထားသည်။

ငလျင်လှုပ်ခတ်မှုအတွင်း အပျက်အစီး ကြီးကြီးမားမားဖြစ်ပွားခြင်း မရှိသော်လည်း ကျယ်လောင်သော မြည်ဟိန်းသံများကို ဆေဂျုန်၊ ဒေဂျုန်နှင့် ချိုနန်မြိုတွင် ကြားခဲ့ရကြောင်း မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

ငလျင်လှုပ်ခတ်ပြီးနောက် အစိုးရက နိုင်ငံအတွင်းရှိ ပြည်သူများအားသတိထားကြရန် တိုက်တွန်းခဲ့ပြီး တုံပြန်လုပ်ဆောင်ရေးအစီအစဉ်များကို အကောင်အထည်ဖော်ကြရန် အစိုးရဌာနများအား ဝန်ကြီးချုပ် ဟန်ဒက်ဆူး က ညွှန်ကြားခဲ့ကြောင်း သိရသည်။

ကိုရီးယားကျွန်းဆွယ်သည် အိမ်နီးချင်း ဂျပန်နိုင်ငံကဲ့သို မဟုတ်ဘဲ အင်အားပြင်း ငလျင်လှုပ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး ပြင်းအားအမြင့်ဆုံးဖြစ်သည့် ၅ ဒသမ ၈ မဂ္ဂနီကျူ အဆင့်ရှိငလျင်သည် တောင် ကိုရီးယား၌ ၂၀၁၆ ခုနှစ် စက်တင်ဘာလအတွင်းက လှုပ်ခတ်သွားခဲ့ဖူးကြောင်း ST သတင်းဌာနတွင် ဖော်ပြထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ