တိုက်ပွဲသတင်းထုတ်ပြန်ချက်


ဇွန် ၁၃

ဇွန် ၁၂ ရက်နေ့ရဲ့ တိုက်ပွဲသတင်းထုတ်ပြန်ချက်

ကချင်ပြည်နယ်

ဝိုင်းမော်မြို့အနီး တာဂရရွာနှင့် ခါရှီးရွာအဝင် လမ်းဆုံအနီးမှာရှိတဲ့ KIA များ ယာယီခြေကုပ်စခန်းလုပ်ထားတဲ့ သဲအိတ်ဘန်ကာ ၂ ခုကို တပ်မတော်ဒုံးတပ်ဖွဲက Drop Bomb ၂ လုံး ပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ဗန်းမော်မြို့နယ်တစ်ဝိုက် လုံခြုံရေးဆောင်ရွက်နေစဉ် နေရာ ၂ နေရာမှ KIA နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၅၀ ဦးခန့်က ၁ ကြိမ်၊ အင်အား ၁၀၀ ဦးခန့်က ၁ ကြိမ် ပစ်ခတ်တိုက်ခိုက်လာသဖြင့် လေကြောင်းပစ်ကူယူ၍ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ပွဲအတွင်း KIA ၃ လောင်း၊ ဘီဇူကာ ၁ လက်၊ အမ်(၂၂) ၂ လက်၊ ဘီဇူကာဒုံးသီး ၂ တောင့်၊ ကျည်အိမ် ၃ ခု၊ ကျည် ၇၂ တောင့် သိမ်းဆည်းရမိခဲ့ပြီး တပ်မတော်ဘက်မှ စစ်သည် ၃ ဦး ဒဏ်ရာရခဲ့ကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့နယ်တစ်ဝိုက် နယ်မြေလုံခြုံရေးဆောင်ရွက်နေစဉ် မြို့၏ အနောက် တောင်ဘက်မီတာ ၁၆၀၀၀ ခန့်အကွာသို့အရောက် KIA နှင့် အကြမ်းဖက်ပူးပေါင်း အင်အား ၄၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

KIA အဖွဲ့အနေဖြင့် ဝိုင်းမော်မြို့အား ဝိုင်းပတ်ပိတ်ဆိုတိုက်ခိုက်ရန် အင်အားစုစည်းနေသလို မြစ်ကြီးနားမြို့ရှိ တပ်စခန်းများကိုလည်း အဝေးမှ လက်နက်ကြီးများဖြင့် ပရမ်းပတာ ပစ်ခတ်တိုက်ခိုက် လျက်ရှိရာ လူနေရပ်ကွက်များအတွင်းသို့ မကြာခဏကျရောက်ပြီး ပြည်သူများ ထိခိုက်သေဆုံးမှုရှိသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက မြစ်ကြီးနားမြို့ဝန်းကျင် ရန်သူခိုအောင်းနိုင်သော နေရာများသို့ လိုက်လံရှင်းလင်းနေသဖြင့် တွေ့ဆုံတိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

၎င်းဖြစ်စဥ်တွင် တပ်မတော်ဘက်မှ ထိခိုက်မှုမရှိဘဲ ရန်သူဘက်မှ KIA ၁ လောင်း၊ အမ်(၂၂) ၁ လက်၊ ကျည်အိမ် ၁ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်

ဝေါလေမြို့နယ် ထိကပလာခြေကုပ်သို့ နေရာ ၂ နေရာမှ KNU အထူးရင်း(၁၀၃) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၃၀ ဦးခန့်က Drone ၁ စီး Bomb ၂ လုံး၊ လက်နက်ကြီး/ငယ်များနှင့် လာရောက်ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရန်သူ့ ဒရုန်းတစ်စီး ပြုတ်ကျ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်စဉ် အတွင်းကွင်းကလေးရွာ၏ အနောက်မြောက်ဘက်မီတာ ၄၂၀၀ ခန့်အကွာသို့အရောက် KNLA တပ်မဟာ(၆)၊ ရင်း(၂၇) နှင့် အကြမ်းဖက်ပူးပေါင်းအင်အား ၄၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် တဲ ၁၁ လုံး၊ ပစ်ကျင်း ၂၂ ကျင်း ၊ ပြောက်ကျားယူနီဖောင်း ၁ စုံ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ်

အမ်းမြို့နယ် ကဇူးကိုင်းကျေးရွာရှိ ပွိင့်ကုန်းသို နေရာ ၂ နေရာမှ AA သောင်းကျန်းသူ အင်အား ၁၀၀ ဦးခန့်ကလည်းကောင်း၊ Drone ၄ စီး၊ Bomb ၁၆ လုံး ဖြုတ်ချ တိုက်ခိုက်ခဲ့ပြီး ကာကင်း စခန်းကုန်းကို အတင်းဝင်ရောက်တိုက်ခိုက်လာခဲ့ရာ တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် AA ၂၃ လောင်း၊ လက်နက် ၁၆ လက် သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ချင်းပြည်နယ်

တီးတိန်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ဖိုင်လင်ကျေးရွာ၏ အရှေ့မြောက်ဘက်မီတာ ၂၀၀ ခန့်အကွာသိုအရောက် အကြမ်းဖက်အင်အား ၂၅ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် တပ်မတော်ဘက်မှ ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် အကြမ်းဖက် ၇ လောင်း၊ လက်နက် ၆ လက် ၊ ကျည် ၂၆၁ တောင့်၊ ကျည်အိမ်မျိုးစုံ ၆ ခု၊ လက်လုပ်မိုင်းမျိုးစုံ ၃၀ လုံး သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်း

ကြိုပင်ကောက်မြို့နယ်အတွင်း နယ်မြေရှင်းလင်းစဉ် ချောင်းဇောက်ကျေးရွာ အရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်အင်အား ၃၀ ဦးခန့်က ပစ်ခတ်တိုက်ခိုက်သဖြင့် မိမိဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ရာ အကြမ်းဖက်များ အရှေ့ဘက်သို့ ဆုတ်ခွာသွားခဲ့ကြောင်း သိရသည်။

၎င်းဖြစ်စဉ်တွင် အကြမ်းဖက်အလောင်း ၁ လောင်း၊ တဲ ၆ လုံး သိမ်းဆည်းရမိခဲ့ပြီး ဆက်လက်ရှင်းလင်းစဉ် ချောင်းဇောက်ကျေးရွာအရှေ့မြောက်ဘက်သို့အရောက် အကြမ်းဖက်များ နေထိုင်ခဲ့သည့် တန်းစီကွင်း ၁ ကွင်း၊ တဲ ၇ လုံး၊ ပစ်ကျင်း ၁ ကျင်း တို့ကို သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

PAN