စစ်ရေးနည်းပြများကို ယူကရိန်းနိုင်ငံသို ပိုဆောင်ရန် ရည်ရွယ်ထားခြင်းမရှိဟု နယ်သာလန်ပြော


(နိုင်ငံတကာ) ဇွန် ၁၃

နယ်သာလန်နိုင်ငံအနေဖြင့် ၎င်းတို့၏စစ်ရေးနည်းပြများကို ယူကရိန်းနိုင်ငံသို့ ပို့ဆောင်ရန် ရည်ရွယ်ထား ခြင်းမရှိကြောင်း နယ်သာလန်ဝန်ကြီးချုပ် မာ့ခ်ရု က ပြောကြားသည်။

မိမိတို့အနေဖြင့် ထိုးထွင်းစဉ်းစားနိုင်ပြီး ဖန်တီးမှုရှိစွာ တွေးခေါ်ရမည်ဖြစ်ကြောင်း၊ ပြင်သစ်အစိုးရက ၎င်းတို့၏စစ်ရေးနည်းပြများကို ယူကရိန်းသို့ ပို့ဆောင်မည်ဟု ကြေညာခဲ့သော်လည်း နယ်သာလန် က ထိုသို့လုပ်ဆောင်ရန် ရည်ရွယ်ချက်မရှိကြောင်း မာ့ခ်ရု က ဂျာမနီနိုင်ငံ ဘာလင်မြို့၌ကျင်းပသည့် ယူကရိန်းပြန်လည်နာလန်ထူရေးဆိုင်ရာ ကွန်ဖရင့်ဆွေးနွေးပွဲ၏ ဘေးပန်း ဆွေးနွေး ပွဲ၌ ပြောကြားခြင်း ဖြစ်သည်။

ပြင်သစ်အစိုးရက ယူကရိန်းနိုင်ငံသို့ စစ်ရေးနည်းပြများစေလွှတ်မည့် နိုင်ငံများပါဝင်သော ညွန့်ပေါင်းအဖွဲ့ တစ်ဖွဲ့ကို မကြာမီ အပြီးသတ်လုပ်ဆောင်မည်ဟု ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်က ပြီးခဲ့သည့် ရက် သတ္တပတ်အကုန်ပိုင်း၌ ပြောကြားပြီးနောက် နယ်သာလန်အစိုးရ၏ ပြောကြားချက်ထွက်ပေါ်လာခြင်းဖြစ်သည်။

တစ်ချိန်တည်းမှာပင် ယူကရိန်းနိုင်ငံ၏လေကြောင်းကာကွယ်ရေးအတွက် အကူအညီအဖြစ် ဒေါ်လာ ၂၅၇ သန်း ‌ပေးအပ်မည်ဟု နော်ဝေကာကွယ်ရေး ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရသည်။

ယူကရိန်းနိုင်ငံသို့ စေလွှတ် လိုက်သည့် ပြည်ပနိုင်ငံများမှ စစ်ရေးနည်းပြများသည် ရုရှားလက်နက်ကိုင်တပ်ဖွဲ့အတွက် တရားဝင်ပစ်မှတ်များ ဖြစ်လာမည်ဟု ရုရှားအစိုးရ က မကြာသေးမီက သတိပေးပြောကြားထားသည်ဟု Sputnik သတင်းဌာနမှဖော်ပြ ထားသည်။

Telegram>>…
https://t.me/positiveanglenews

PAN

SZ