ကူဝိတ်မီးလောင်မှုတွင် အိန္ဒိယလူမျိုး ၄၀ ကျော်သေဆုံး


(နိုင်ငံတကာ) ဇွန် ၁၃

ကူဝိတ်နိုင်ငံ၊ Mangaf မြို့ရှိ လူနေအဆောက်အအုံတစ်ခု မီးလောင်ကျွမ်းမှုတွင် အိန္ဒိယနိုင်ငံသား ၄၀ ကျော်သေဆုံးခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံတွင် အလုပ်သမား ၂၀၀ နီးပါးနေထိုင်ပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့တွင် ဖြစ်ပွားခဲ့သည့် မီးလောင်မှုတွင် အိန္ဒိယနိုင်ငံသား ၄၀ ကျော်သေဆုံးခဲ့ပြီး ၅၀ ကျော် ဒဏ်ရာရရှိခဲ့သည်။

အိန္ဒိယနိုင်ငံမှ ပြည်ပရေးရာဌာနမှာ ဝန်ကြီးတစ်ဦး ကူဝိတ်နိုင်ငံသို့ရောက်ရှိလာပြီး ဒဏ်ရာရရှိသူများအားပေးခဲ့ကြောင်း သိရသည်။

ထို့အပြင် အိန္ဒိယအစိုးရသည် မီးလောင်မှုတွင် သေဆုံးခဲ့သည့် ၎င်းတို့ နိုင်ငံသားများ၏ ရုပ်အလောင်းများအား အိန္ဒိယလေတပ်မှ လေယာဉ်ဖြင့် ပြန်လည်သယ်ဆောင်သွားမည် ဟုဆိုသည်။

အိန္ဒိယဝန်ကြီးချုပ် နာရင်ဒရာမိုဒီမှ သေဆုံးသူများ၏ မိသားစုဝင်များထံ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့ကြောင်း သိရသည်။

ကူဝိတ်နိုင်ငံသည် လူဦးရေ၏ သုံးပုံနှစ်ပုံမှာ နိုင်ငံခြားအလုပ်သမားများဖြစ်ပြီး အထူးသဖြင့် ဆောက်လုပ်ရေးနှင့် ပြည်တွင်းကဏ္ဍများတွင် ရွှေ့ပြောင်းလုပ်သား အများအပြားရှိသည့် နိုင်ငံဖြစ်သည်။

Telegram>>…
https://t.me/positiveanglenews

PAN

AMK #SZ